8.7.16

"မန်းစည်ပင်မှ ဒုတိယမြို့တော်ဝန်အပါအဝင် ကော်မတီဝင် ၁၁ ဦး တာဝန်က ရပ်နားလိုက်ပြီ"

 
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်အပါအဝင် ကော်မတီဝင် အားလုံးကို ဇူလိုင်လ ၇ ရက်၊ညပိုင်းမှစတင်၍ တာဝန်မှရပ်ဆဲလိုက်ရာ တွဲဖက်အတွင်းရေးမှူး တစ်ဦးသာကျန်ရှိသည်ဟု အမည်မဖော်လိုသည့် စည်ပင်ဝန်ထမ်းတစ်ဦးကပြောသည်။

"တာဝန်က ရပ်ဆဲတယ်ဆိုတဲ့အကြောင်းကြားစာလည်း အခုညရောက်တယ်။"ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါအကြောင်းကြားစာထဲတွင် ၂၀၁၄ခုနှစ်၊စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ဇွန်လ ၁၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥပဒေအမှတ်(၁/၂၀၁၆)ဖြင့် အတည်ပြုခဲ့ပြီးဖြစ်ပါသည်။
ထို့ကြောင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဇူလိုင်လ ၇ ရက်၊နံနက် ၁၀ နာရီတွင်ပြုလုပ်သော အစည်းအဝေးအမှတ်စဉ်(၆/၂၀၁၆)မှတ်တမ်းကောက်နှုတ်ချက်ပါ အပိုဒ် ၂၅ (ဂ)၊အပိုဒ်ခွဲ(က)အရ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၌ တာဝန်ထမ်းဆောင်လျှက်ရှိသည့် ကော်မတီဝင်များနှင့်ပတ်သက်၍ လက်ရှိဖွဲ့စည်းတာဝန်ပေးအပ်ထားသော တိုက်ရိုက်ခန့်အပ်ထားသူ ၅ ဦး(အတွင်းရေးမှူး တစ်ဦး၊ကော်မတီဝင် လေးဦး)၊ရွေးချယ်ခန့်အပ်တာဝန်ပေးအပ်သူ ၆ ဦး(ဒုတိယ မြို့တော်ဝန် တစ်ဦး၊ကော်မတီဝင် ငါးဦး)တို့အား ဇူလိုင်လ ၇ ရက်မှစတင်၍ တာဝန်မှ ရပ်နားလိုက်သည်ဟု ပါရှိသည်။
Credit To >>> Mizzima Burmese

0 comments:

Post a Comment