8.7.16

ထိုင်ဝမ်သို့ မုန်တိုင်းကြီး Nepartak သောကြာနေ့ဝင်မည် လေယာဉ်ခရီးစဉ်များဖျက်သိမ်းထား





စူပါတိုင်ဖုန်းမုန်တိုင်း Nepartak သည် မုန်တိုင်း၏ ဗဟိုချက်တွင် လေ တိုက်နှုန်းတစ်နာရီလျှင် ၂၄၅ ကီလို မီတာ (၁၅၂ မိုင်) နှုန်းဖြင့် ထိုင်ဝမ် နိုင်ငံဆီသို့ ဦးတည်ရွေ့လျားနေကာ ဇူလိုင် ၈ ရက်တွင်ထိုင်ဝမ်သို့ မုန် တိုင်းဝင်ရောက်နိုင်သည်ဟု ထိုင်ဝမ် မိုးလေ၀သဌာနမှ ဇူလိုင် ၇ ရက်က သတိပေးကြေညာချက်ထုတ်ပြန်ထား သည်။

မုန်တိုင်းကြောင့် နိုင်ငံတစ်ဝန်း မိုးရေချိန် ၅၀၀ မီလီမီတာခန့်ရွာသွန်း နိုင်ရာ ရေကြီးခြင်း၊ တောင်ပြိုပြေပြို ခြင်းများလည်း၊ အထူသဖြင့် နိုင်ငံ အရှေ့ပိုင်းဒေသများ၌ ဖြစ်ပေါ်နိုင် သည်ဟု သတိပေးကြေညာထားသည်။
ယခုနှစ်မုန်တိုင်းရာသီအတွင်း တိုင်ဝမ်၌ ပထမဆုံးတိုက်ခတ်နိုင် သော မုန်တိုင်းကြီးဖြစ်၍ မုန်တိုင်း ခိုစခန်း ၉၀ အရေးပေါ်ဆောက်လုပ် ကာ စစ်သားအင်အား ၃၅၀၀၀ ကျော် အား အရေးပေါ်ကူညီနိုင်ရန် အသင့် ပြင်တပ်လှန့်ထားသည် စာသင်ကျောင်း များ၊ ရုံးများအား ယနေ့မှစ၍ ပိတ် ထားလိုက်ပြီဖြစ်သည်။ ပြည်တွင်းပြည် ပလေယာဉ်ခရီးစဉ်များအားလုံးကို လည်း ရပ်ဆိုင်းထားလိုက်ပြီဖြစ်သည်။
ထိုင်ဝမ်၌ယမန်နှစ် ဒူဂျူအန်စူပါ တိုင်ဖွန်းဝင်ရောက်တိုက်ခတ်ခဲ့၍ လူ သုံးဦးသေဆုံးကာ လူ ၃၀၀ ကျော် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ၂၀၀၉ ခုနှစ်ကလည်း မိုရာကော့ စူပါတိုင် ဖွန်းကြောင့် လူ ၆၀၀ ကျော်သေဆုံး ခဲ့ရပြီး အများစုမှာနိုင်ငံတောင်ပိုင်း ၌ မြေပြိုကျမှုများကြောင့် သေဆုံး ခဲ့ရခြင်း ဖြစ်သည်။
Credit To >>> Democracy Today

0 comments:

Post a Comment