8.7.16

မြောက်ကိုရီးယားခေါင်းဆောင်အပေါ် အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုများကို တရုတ်နိုင်ငံက ဆန့်ကျင်


မြောက်ကိုရီးယားနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှု များနှင့်ပတ်သက်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အား အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှု များကို တရုတ်နိုင်ငံက ဆန့်ကျင်ပါကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
မြောက်ကိုရီးယား နိုင်ငံခေါင်းဆောင် ကင်ဂျုံအန် အား အမေရိကန်အစိုးရ၏ စီးပွားရေးပိတ်ဆို့မှုအပေါ် ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွန်လီက ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင် ခြင်းဖြင့်သာ ရလဒ်ကောင်းများထွက်ပေါ်စေရန် ကိစ္စရပ် များကို ဖြေရှင်းလျက်ရှိပါကြောင်းနှင့် လူ့အခွင့်အရေး ဆိုင်ရာပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင်လည်း မျှတမှုရှိခြင်းနှင့် နိုင်ငံအချင်းချင်း အပြန်အလှန်လေးစားမှု များကို ရှေ့တန်းတင်ပြီး ဖြေရှင်းပါကြောင်း ဟွန်လီက ဆိုသည်။ 

နိုင်ငံတကာဥပဒေနှင့်အညီဆိုသည့် ခေါင်းစဉ် တပ်ပြီး နိုင်ငံတစ်နိုင်ငံကို အလွန်အမင်းဖိအားပေးပြီး စီးပွားရေးပိတ်ဆို့မှုများ လုပ်ဆောင်ခြင်းကို ဆန့်ကျင်ပါကြောင်း ဟွန်လီက ဆက်လက်ပြောကြားခဲ့သည်။ 

ယခုဖြစ်ပေါ်နေသည့် ကိုရီးယားကျွန်းဆွယ်အရေး ကိစ္စသည် အလွန်ပင်ရှုပ်ထွေးပြီး ကိုင်တွယ်ဖြေရှင်းရန် မလွယ်ကူပါကြောင်း ဟွန်လီက ဆိုသည်။ ထို့ကြောင့် သက်ဆိုင်ရာနိုင်ငံများက အချင်းချင်းရန်လိုသည့် အပြု အမူများလုပ်ဆောင်ခြင်းကို ရှောင်ကြည်ပြီး ယင်းကျွန်းဆွယ် ဒေသတွင် တည်ငြိမ်အေးချမ်းရေးရရှိစေရန် ပူးပေါင်းဆောင် ရွက်သင့်ပါကြောင်း ပြောကြားခဲ့သည်။ 
Credit To >>> The Mirror Daily

0 comments:

Post a Comment