8.7.16

အလုပ်သမား အခွင့်အရေး အပြည့်အဝပေးရန် တောင်းဆိုသည့် မြန်မာလုပ်သား ၄၀၀ ခန့်ကို ထိုင်းစက်ရုံပိုင်ရှင်က အလုပ်ထုတ်

အလုပ်သမားအခွင့်အ ရေး အပြည့်အဝပေးရန် တောင်း ဆိုသော မြန်မာလုပ်သား ၄၀၀ ခန့်ကို ထိုင်းစက်ရုံပိုင်ရှင်က အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း သတင်းရရှိ သည်။

ထိုင်းနိုင်ငံ လှပူရီမြို့နယ်ရှိ SIAMRACHABURI ဂျယ်လီစက် ရုံတွင် မြန်မာလုပ်သား ၅၀၀ ခန့် အလုပ်လုပ်ကိုင်လျက်ရှိရာ ညဆိုင်း လုပ်ကိုင်သော မြန်မာလုပ်သား ၂၀၀ ခန့်သည် ဇူလိုင် ၆ ရက်က အလုပ်သမား အခွင့်အရေး များအပြည့်အဝပေးရန် တောင်းဆိုရာ စက်ရုံပိုင်ရှင်က ယင်းညတွင်းချင်း အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာလုပ်သား ၂၀၀ ခန့်ကို အလုပ်မှ ထုတ်ပယ်ခဲ့သောကြောင့် ကျန်မြန်မာလုပ်သား ၂၀၀ ခန့်က ထုတ်ပယ်ခံရသူများအား အလုပ်ပြန်ခန့်ပေးရေးနှင့် အလုပ်သမား အခွင့်အရေးအပြည့်အဝပေးရေးကို ဇူလိုင် ၇ ရက်တွင် ဆန္ဒပြတောင်းဆိုရာ စက်ရုံပိုင်ရှင်က ဆန္ဒပြတောင်းဆိုသူများကို ထပ်မံ၍ အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း ယင်းကိစ္စကို သွားရောက်ဖြေရှင်းပေးနေသော AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောကြားသည်။
အလုပ်မှ ထုတ်ပယ်ခံရသူ များတွင် နှစ်နိုင်ငံ သဘောတူညီ မှုစာချွန်လွှာ (MoU) စာချုပ်ဖြင့် လာရောက်လုပ်ကိုင်သူ မြန်မာလုပ်သား ၁၀၀ ကျော်ပါဝင်ကြောင်း AAC မဟာမိတ်အဖွဲ့မှ ကိုခိုင်ကြီး က ပြောသည်။
‘‘ပထမ ညဆိုင်းဆင်းတဲ့ အ လုပ်သမားတွေက တစ်နေ့ လုပ် အားခထဲက ဘတ်ငွေ ၃၀ ဖြတ် တောက်ခံရမှုနဲ့ တနင်္ဂနွေနေ့မှာ အလုပ်ဆင်းခိုင်းပြီး လုပ်အားခ မပေးတာတွေကို တောင်းဆိုလို့ အလုပ်ရှင်က အလုပ်ထုတ်လိုက် တယ်။ နောက်ထပ် မြန်မာလုပ် သားတွေကထပ်ပြီး ဆန္ဒပြတောင်းဆိုလို့ အလုပ်ထုတ်လိုက်တာ။ အခုလောလောဆယ် ၄၀၀ လောက် အလုပ်ထုတ်ခံထားရတယ်’’ ဟု ကိုခိုင်ကြီးက ပြောသည်။
အလုပ်မှ ထုတ်ပယ်ခံရသောမြန်မာလုပ်သား ၄၀၀ ခန့်ကို အလုပ်ရုံပိုင်ရှင်က ၎င်းတို့နေထိုင် သောအဆောင်များ၌ ဆက်လက် နေထိုင်ခွင့်မပေးသောကြောင့် မြန်မာလုပ်သားများသည် ဇူလိုင် ၇ ရက် ညတွင် နေထိုင်ရန် အခက်အခဲဖြစ်နေကြောင်း ကိုခိုင်ကြီးက ဆက်လက်ပြောကြားသည်။
‘‘သံရုံးကိုလည်း အကြောင်း ကြားထားတယ်။ မနက်ဖြန် သံရုံးက လာပြီး ဖြေရှင်းပေးမယ်လို့ တော့ ပြောထားတယ်။ အခုက မြန်မာလုပ်သားတွေကို နေထိုင် တဲ့ အဆောင်တွေကနေပါ ကန် ထုတ်နေတာ’’ဟု ကိုရဲမင်းက ပြောသည်။
ဇူလိုင် ၁ ရက်ကလည်း မဟာချိုင်မြို့ နာနတ်သီးစက်ရုံတွင် MoU စာချုပ်ဖြင့် လာရောက်လုပ် ကိုင်သည့် မြန်မာလုပ်သား ၂၅ ဦး အပါအဝင် မြန်မာလုပ်သား ၁၂၇ ဦးတို့သည် ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ကိုရဲမင်းက ပြောသည်။
ဇွန်လ ၂၀ ရက်တွင် မဟာ ချိုင်မြို့ရှိ ဖန်ထစ်အထည်ချုပ်စက် ရုံ၌ မြန်မာလုပ်သား ၄၅ ဦးကိုအလုပ်ရှင်က အလုပ်မှ ထုတ်ပယ် သောကြောင့် ထုတ်ပယ်ခံ မြန်မာလုပ်သားများက ယင်းစက်ရုံပိုင်ရှင်ကို အမှုဖွင့် တိုင်ကြားထားသည်။
ဇွန်လ ၂၇ ရက်ကလည်း ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင် တွင် လုပ်ကိုင်နေသော မြန်မာရေ လုပ်သား ၂၁ ဦးက အလုပ်သမား အခွင့်အရေးများ တောင်းဆိုသည် ဆိုကာ ၎င်းတို့၏လှေပိုင်ရှင်က အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း ဦး ထူးချစ်က ပြောသည်။
 ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများ၏အခွင့်အရေးများ နှင့်ပတ်သက်၍ နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ တောင်းဆိုချက်မှာများ လွန်းသည်ဆိုကာ ထိုင်းနိုင်ငံသား အချို့က မြန်မာမုန်းတီးရေးလှုပ် ရှားမှုများကို လူမှုကွန်ရက်စာမျက် နှာများပေါ် ရေးသားလှုံ့ဆော်နေ ပြီး ထိုင်းအစိုးရကလည်း မြန်မာ လုပ်သားများကို တင်းကျပ်စွာစစ် ဆေးမှုများ ပြုလုပ်လာကြောင်း ထိုင်းရောက်မြန်မာလုပ်သားများ အရေး ဆောင်ရွက်ပေးနေသည့် မြန်မာအဖွဲ့အစည်းများက ပြော သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment