18.7.16

“ထူးကုမ္ပဏီများအုပ်စုဥက္ကဋ္ဌ ဦးတေဇ၏ မွေးနေ့အထိမ်းအမှတ် ၀ါဆိုသင်္ကန်းကပ် အလှူတော်မင်္ဂလာ အခမ်းအနားပြုလုပ်”




















ထူးကုမ္ပဏီများအုပ်စုဥက္ကဋ္ဌဦးတေဇ၏ အသက် (၅၂)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အလှူအဖြစ် ယနေ့ ဇူလိုင် လ(၁၈)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ မဟာဝိသုဒ္ဒါရာမကျောင်းတိုက်တွင် ၀ါဆို သင်္ကန်းကပ် အလှူတော် မင်္ဂလာ အခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။
ဥက္ကဋ္ဌဦးတေဇ၏ မွေးနေ့အထိမ်းအမှတ် အလှူအဖြစ် အဆိုပါ မဟာဝိသုဒ္ဒါရာမကျောင်းတိုက်ရှိ ဆရာတော် သံဃာတော်များအား ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဥက္ကဋ္ဌ ဦးတေဇ၏ ယနေ့တွင် ကျရောက်သော မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် အလှူရေစက်လက်နှင့် မကွာ လှူဒါန်းမှုများ ပြုလုပ်နိုင် ပါစေကြောင်းနှင့် ကောင်းမှုကုသိုလ်များစွာကိုလည်း ပြုလုပ်နိုင်ပါစေကြောင်း ထူးကုမ္ပဏီများအုပ်စု၏ ဌာနအသီးသီးမှ ၀န်ထမ်းများအားလုံး ကိုယ်စား ဆုမွန်ကောင်း တောင်းအပ်ပါသည်။
ဥက္ကဋ္ဌဦးတေဇသည် ထူးကုမ္ပဏီများအုပ်စုကို ဦးဆောင်မှုပေးနေ သည်သာမက အခြားတစ်ဘက်တွင်လည်း ထူးဖောင်ဒေးရှင်း ၏ နာယကအဖြစ် မြန်မာနိုင်ငံ၏ လိုအပ်ချက်ရှိသော ဝေးလံခေါင်သီသည့် အရပ်ဒေသများတွင် ပညာရေး ၊ ကျန်းမာရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးစသည့် ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် ပံ့ပိုးမှုများ ပေးလျှက်ရှိနေပါသည်။
Credit To >>> Htoo Foundatoin Companies

0 comments:

Post a Comment