18.7.16

စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှု အစီရင်ခံစာ တစ်စိတ်တစ်ဒေသကို အမေရိကန် ကွန်ဂရက်ထုတ်ပြန်

စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုကြီး မပေါ်ပေါက်မီ လေယာဉ်ပြန်ပေးဆွဲသူ အချို့နှင့် ဆော်ဒီအာရေဗျ တာဝန်ရှိသူများအကြား ဆက်နွှယ်မှုရှိခဲ့ပုံရသည်ဆိုသော အကြောင်းအရာ ဖော်ပြချက် ပါဝင်သည့် အစီရင်ခံစာ တစ်စိတ် တစ်ဒေသကို အမေရိကန် ကွန်ဂရက် လွှတ်တော်က ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာန များက ဇူလိုင် ၁၇ ရက်တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုကြီးနှင့် ပတ်သက်၍ ၂ဝဝ၂ ခုနှစ်က စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး အစီရင်ခံစာ၏ စာမျက် နှာ ၂၈ မျက်နှာပါ အခန်းတစ်ခန်းတွင် အကြမ်းဖက်သမားအချို့နှင့် ဆော်ဒီ အစိုးရအဖွဲ့ မသင်္ကာဖွယ် ဆက်နွှယ်မှု ရှိနေပုံကို ရေးသားဖော်ပြထားသည်။
စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှု စုံစမ်းစစ်ဆေးရေး အစီ ရင်ခံစာတွင်ပါရှိသော ဖော်ပြပါ အခန်းကို အမေရိကန် ကွန်ဂရက် လွှတ်တော်က ကာလကြာရှည်စွာ လျှို့ဝှက်ကန့်သတ်အဆင့်တွင် ထားရှိ ခဲ့ပြီးနောက် ဇူလိုင် ၁၅ ရက်တွင် အများပြည်သူတို့ သိရှိနိုင်စေရန် ထုတ်ပြန်ပေးလိုက်ခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် ၂ဝဝ၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က အကြမ်းဖက်သမားများက ခရီးသည်တင် လေယာဉ်များကို ပြန်ပေးဆွဲကာ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ် ရေးဌာန အဆောက်အအုံ၊ ပင်တဂွန် စစ်ဌာနချုပ် စသည့် အထင်ကရ နေရာများကို ပစ်မှတ်ထား၍ အကြမ်း ဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လူပေါင်း ၃ဝဝဝ ခန့် သေဆုံးခဲ့ကြရ သည်။
စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုတွင် အကြမ်းဖက်သမား ၁၉ ဦး အနက် ၁၅ ဦးမှာ ဆော်ဒီနိုင်ငံ သားများ ဖြစ်ကြသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment