7.11.16

အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေပြုပြင်ပြောင်းလဲရေး လွှတ်တော်သို့ တင်သွင်းရန် အကြံပြုစာတမ်း AAPP ပြုစုနေ


မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ပြန် လည်ဖွဲ့စည်းရေးနှင့် ကော်မရှင် ဥပဒေပိုမိုအားကောင်းလာရေး လွှတ်တော်သို့ အကြံပြုရန် သုံးသပ်ချက်စာတမ်း ပြုစုရေးသားနေကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ဦးဘိုကြည်က ပြောကြားသည်။
မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်သည် မြန်မာနိုင်ငံအ တွင်း၌ လူ့အခွင့်အရေးအခြေအ နေများ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ရန်နှင့် လူ့အခွင့်အရေးချိုး ဖောက်ခံနေရသူများအား အကာ အကွယ်ပေးသည့် လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

‘‘အဓိကကတော့ မြန်မာနိုင် ငံလူ့အခွင့်အရေးကော်မရှင်ဥပ ဒေကို ပြုပြင်ပြောင်းလဲသင့်တယ် ဆိုတဲ့ဟာကို အကြံပေးတဲ့ စာတမ်းပါ။ ဘာကြောင့်ပြုပြင်ပြောင်းလဲ ချင်တာလဲ ဥပဒေရဲ့ အားနည်း ချက်တွေက ဘာလဲပေါ့။ နောက် တစ်ခုက လူ့အခွင့်အရေးကော်မ ရှင်ကို ပြန်လည်ပြီးတော့ ဖွဲ့စည်း သင့်တယ်။ ပြန်လည်ဖွဲ့စည်းတဲ့ အခါမှာ နိုင်ငံတကာစံချိန်စံညွှန်း တွေနဲ့အညီ ပြန်လည်ဖွဲ့စည်းသင့် တယ်ဆိုတာ အကြံပေးထားပါ တယ်။ ကျွန်တော်တို့ကတော့ ဒါက ဥပဒေပိုင်းဆိုင်ရာဆိုတော့ လွှတ် တော်ဘက်ကို ချဉ်းကပ်မှာရှိသလို အစိုးရအဖွဲ့တွေကိုလည်း တတ် နိုင်သမျှ ပို့ဆောင်သွားမှာပါ’’ဟု ဦးဘိုကြည်က ဆိုသည်။

ယင်းသုံးသပ်ချက်စာတမ်း ပြုစုရာတွင် AAPP အဖွဲ့တစ်ဖွဲ့ တည်းသာမက အခြားအရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့်လည်း ပူး ပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

‘‘ဥပဒေအားမကောင်းဘဲနဲ့ ဖွဲ့ထားတဲ့ အဖွဲ့တွေက ဘယ်လို ဘယ်သူတွေနဲ့ ဖွဲ့ဖွဲ့ဥပဒေရဲ့ အား နည်းချက်ကြောင့် အလုပ်လုပ်လို့ ရတဲ့ အနေအထားတွေမှာ အကန့် အသတ်တွေအများကြီးဖြစ်နေ တယ်။ ဒီအကန့်အသတ်တွေကို ဥပဒေပိုင်းဆိုင်ရာတွေကနေ ဖြေ လျှော့ဖို့၊ ပြီးတဲ့အခါ လူ့အခွင့်အ ရေးလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ဒီ ထက်ပိုပြီးတော့ ကျယ်ကျယ်ပြန့် ပြန့်အလုပ်လုပ်လို့ရမယ်။ အဲဒါ ကြောင့် ဒီဟာကို ကြိုးစားရတာ ပေါ့’’ဟု ဦးဘိုကြည်က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံအမျိုး သား လူ့အခွင့်အရေးကော်မရှင် ဥပဒေအနေဖြင့် လူ့အခွင့်အရေး မြှင့်တင်ရေးကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ခြင်း၊ လူ့အခွင့်အရေးကာ ကွယ်စောင့်ရှောက်ရေးကို ကျယ် ကျယ်ပြန့်ပြန့်လွတ်လွတ်လပ် လပ်လုပ်နိုင်ခြင်းဆိုသည့် အနှစ် သာရများပါပြီးဖြစ်၍ အကြီးအ ကျယ်ပြင်စရာမရှိဟု ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က ပြော သည်။

‘‘တချို့တော့ ကောင်းသ ထက်ကောင်းအောင် ဖြည့်စွက် မယ်ဆိုရင်တော့ ဒါတွေကတော့ ရှိကောင်းရှိနိုင်ပါတယ်။ အဓိကက တော့ အစိုးရ၀န်ကြီးဌာနတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုပဲ။ ပူးပေါင်းဆောင်ရွက်မှုဆိုတာ တိုင်စာတွေ အပေါ်မှာ အရေးယူဆောင်ရွက် ပေးဖို့ ဆိုတဲ့အပိုင်းပေါ့။ တိုင်စာ တွေအပေါ် အရေးယူဆောင်ရွက် ပေးတဲ့အပိုင်းမှာ လူ့အခွင့်အရေး ကို လေးစားသောအားဖြင့် ကျွန် တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်ဆိုတဲ့ အဓိကလိုအပ်ချက်ထဲမှာ ဒါတွေလည်း ပါပါတယ်’’ဟု ဦးစစ်မြိုင်က ပြောကြားသည်။

မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ကို ၂၀၁၁ စက်တင်ဘာတွင် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်အရ ၂၀၁၄ စက်တင်ဘာ၌ ပြန်လည်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ကော်မရှင်ကို အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားသော်လည်း ပြီး ခဲ့သည့် စက်တင်ဘာက ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ အင်းဝအပ်ချုပ်ဆိုင်ရှိ အိမ်အကူ အမျိုးသမီးငယ်နှစ်ဦး နှိပ်စက်ခံရမှုတွင် ၀င်ရောက်ဖြေရှင်းကိုင်တွယ် ခဲ့သော မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်အဖွဲ့ဝင် များ၏ လုပ်ရပ်အပေါ် ပြည်သူများက ဝေဖန်ခဲ့ကြသည်။ ကော်မရှင်အဖွဲ့ဝင်များကို ထိထိရောက်ရောက် အရေးယူမှုများပြုလုပ်ရန် ပြည်သူ့လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းဆွေးနွေးခဲ့ ပြီးနောက် အောက်တိုဘာတွင် ကော်မရှင်အဖွဲ့ဝင် လေးဦးရာထူးမှ နုတ်ထွက်ခဲ့ကာ လက်ရှိတွင် ခုနစ်ဦးသာ ကျန်ရှိတော့သည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment