7.11.16

အိန္ဒိယက ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံထိသုံးပြီး ဂျပန်နိုင်ငံမှ ကယ်ဆယ်ရေးလေယာဉ် ၁၂ စင်း ၀ယ်ယူမည်

 ဂျပန်လေယာဉ်ထုတ်လုပ်ငန်း ShinMaywa Industries ထံမှ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံနှင့် ၁ ဒသမ ၆ ဘီလီယံကြား တန်ဖိုးရှိ ကယ်ဆယ်ရေး လေယာဉ် ၁၂ စင်း ၀ယ်ယူရေး အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၇ ရက်တွင် အတည်ပြုပေးလိမ့်မည်ဖြစ်ကြောင်း ဂျပန်သတင်းစာ Nikkei က ဖော်ပြသည်။

အဆိုပါ လေယာဉ်ဝယ်ယူရေးကိစ္စအတွက် အိန္ဒိယနှင့် ဂျပန်တို့အကြား နှစ်နှစ်ကျော်ကြာအထိ ဆွေးနွေးညှိနှိုင်းခဲ့ကြရသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး စစ်လက်နက်တင်ပို့မှုများအပေါ် နှစ်ငါးဆယ်ကြာ ပိတ်ပင်ထားချက်အား ရုတ်သိမ်းပေးလိုက်ပြီးနောက်ပိုင်း ယခု ရောင်းချမှုသည် ဂျပန်၏ ပထမဆုံးသော စစ်လက်နက်တပ်ဆင်ပစ္စည်း ရောင်းချခြင်းလည်း ဖြစ်လာခဲ့သည်။
လာမည့် နိုဝင်ဘာ ၇ ရက်တွင် ပြုလုပ်ရန်ရှိသည့် ကာကွယ်ရေးပစ္စည်း ၀ယ်ယူရေးကောင်စီ အစည်းအဝေးတွင် ဂျပန်နိုင်ငံမှ US-2 လေယာဉ် ၁၂ စင်း ၀ယ်ယူရေးကိစ္စကို အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပေးသွားရန် ရှိနေသည်။
အဆိုပါ လေယာဉ်ဝယ်ယူရေးကိစ္စ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကိုမူ ၀န်ကြီးချုပ် နာရင်ဒြာမိုဒီ၏ ဂျပန်ခရီးစဉ်အတွင်း ရေးထိုးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
Credit To >>> Mizzima Burmese

0 comments:

Post a Comment