7.11.16

အမေရိကန်မှာ Samsung အ၀တ်လျှော်စက် ၂ ဒသမ ၈ သန်း ဈေးကွက်ထဲကနေ ပြန်သိမ်း

Galaxy Note 7 ဖုန်းပြဿနာတက်လို့ ဈေးကွက်တွေထဲကနေ ပြန်သိမ်းရတဲ့အထိကြုံတွေ့ထားရတဲ့ တောင်ကိုရီးယားရဲ့ Samsung ကုမ္ပဏီအတွက်ကတော့ နောက်ထပ်ယင်းရဲ့ ထုတ်ကုန်တစ်မျိုးကို ဈေးကွက်ထဲကနေ ပြန်သိမ်းရတဲ့ အဖြစ်နဲ့ရင်ဆိုင်လာခဲ့ရပြန်ပြီလို့ သိရပါတယ်။

ယခုဆိုရင် အမေရိကန်နိုင်ငံမှာ ယင်းရဲ့ ထုတ်ကုန်ဖြစ်တဲ့ အ၀တ်လျှော်စက် ၂ဒသမ ၈ သန်း လောက်ကို ပြန်သိမ်းရဖို့အထိ အကြောင်းဖန်လာခဲ့ရပြန်ပြီဖြစ်ပါတယ်။

ယင်းအ၀တ်လျှော်စက်တွေဟာ အသုံးပြုနေစဉ်အလွန်အကျွံတုန်ခါလာတတ်ပြီး အဖုံးတံခါးဟာ စက်ကနေ ပြုတ်ထွက်တတ်တဲ့ဖြစ်စဉ်တွေရှိနေတယ်လို့သိရပြီး အသုံးပြုသူတစ်ဦးဆိုရင် ယင်းဖြစ်ရပ်နဲ့ကြုံလိုက်ရလို့ မေးရိုးမှာဒဏ်ရာရသွားတယ်လို့လည်း သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အလားတူ လက်ရှိအချိန်ထိ သိရှိထားရတဲ့သတင်းတွေအရ ယင်းSamsung အ၀တ်လျှော်စက် ချို့ယွင်းမှုကြောင့် ထိခိုက်ဒဏ်ရာရ သူကိုးဦးအထိရှိနေပြီလို့သိရပြီး ယင်းစက်တွေဟာ အလွန်အမင်း တုန်ခါနေတတ်တာ ဒါမှမဟုတ်တံခါးတွေ ပြုတ်ထွက်တာမျိုး ရှိခဲ့တယ်ဆိုပြီး တိုင်ကြားမှု ၇၃၃ ခုထိရှိခဲ့တယ်လို့ သိရပါတယ်။

ယင်းနောက်ပိုင်းမှာတော့ ကုမ္ပဏီဘက်က ယခုလို ချို့ယွင်းချက်ရှိနေတဲ့ယင်းရဲ့ထုတ်ကုန်အ၀တ်လျှော်စက်တွေကို ပြန်သိမ်းတော့မယ်လို့ထုတ်ပြန်လိုက်ရတာဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ ပြောကြားချက်အရတော့ ၂၀၁၁ မတ်လနဲ့၂၀၁၆ နိုဝင်ဘာလထဲမှာ ထုတ်လုပ်ထားတဲ့ အ၀တ်လျှော်စက် မော်ဒယ် ၃၄ ခုထိမှာယင်းပြစ်ချက်တွေ ရှိချင်ရှိနေနိုင်တယ်လို့လည်းသိရပါတယ်။

Samsung Electronics America ရဲ့ ဒုဥက္ကဌ John Herrington ကတော့ “ကျွန်တော်တို့ရဲ့ ပထမဦးစားပေးကတော့ သုံးစွဲသူဖောက်သည်တွေအန္တရာယ်ကင်းရှင်းရေးပါပဲ” လို့ ပြောသွားခဲ့ပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment