7.11.16

တပ်မတော်နှင့် RCSS/SSA တိုက်ပွဲဖြစ်ပွားခြင်းအကြောင်းရင်း စုံစမ်းရေးအဖွဲ့၏ခရီးစဉ်ပြီးဆုံး

တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့အကြား တိုက်ပွဲ ဖြစ်ပွားမှုအပေါ် စုံစမ်းစစ်ဆေးခဲ့ သော စိစစ်အတည်ပြုရေးအဖွဲ့ ခရီးစဉ်ပြီးဆုံးပြီဖြစ်၍ အဖွဲ့၏လုပ်ငန်းအစီရင်ခံစာကို ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-U)သို့ နှစ်ပတ် အတွင်း တင်ပြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးထား သည့် RCSS/SSA နှင့် တပ်မတော်တို့အကြား အောက်တိုဘာတွင် ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ် အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့၍ နှစ်ဖက်ကိုယ်စားလှယ်များပါ သော JMC-U စိစစ်အတည်ပြု ရေးအဖွဲ့သည် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ဖြစ်စဉ်ဖြစ်ပွားရာ ဒေသနှင့် ဆက် စပ်ဒေသများသို့ သွားရောက်စုံ စမ်းစစ်ဆေးခဲ့သည်။
စိစစ်အတည်ပြုရေးအဖွဲ့ သည် ၎င်းတို့၏ဆောင်ရွက်ချက် များကို ယခုလလယ်တွင် ကျင်းပ ရန် စီစဉ်ထားသည့် JMC-U အ စည်းအဝေးသို့ တင်ပြရမည်ဖြစ် ကြောင်း JMC-U အဖွဲ့ဝင်ဒေါက် တာမင်းဇော်ဦးက ပြောကြား သည်။
‘‘အရင်တုန်းက မြန်မာပြည် သက်တမ်းတစ်လျှောက်မှာ တစ် ခါမှ ဒီလိုမလုပ်ခဲ့ဖူးဘူး။ အပစ်အ ခတ်ရပ်တယ်၊ ပြဿနာဖြစ်တယ်ဆိုရင် သူ့ဟာနဲ့သူ ရှင်းကြတာပဲရှိ တယ်။ စိစစ်အတည်ပြုရေးအဖွဲ့ ဖွဲ့ပြီး လုပ်တာ ဒါပထမဆုံးဆို တော့ ဒီလိုလုပ်နိုင်ခဲ့တဲ့အတွက် နှစ်ဖက်ယုံကြည်မှုတည်ဆောက် ရေးက ပိုပြီးတော့ အားကောင်း လာပြီလို့ ပြောလို့ရပါတယ်’’ဟု ဒေါက်တာမင်းဇော်ဦးက ပြော ကြားသည်။
စိစစ်အတည်ပြုရေးအဖွဲ့ကို JMC-U အရပ်သားကိုယ်စား လှယ် ဦးမောင်မောင်ငြိမ်းက ဦး ဆောင်ပြီး အရပ်သားနှစ်ဦး၊ တပ် မတော်ကိုယ်စားလှယ်နှစ်ဦး၊ RCSS ကိုယ်စားလှယ်တစ်ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ တစ်ဦးတို့ဖြင့် ဖွဲ့စည်းခြင်းဖြစ်သည်။
စိစစ်အတည်ပြုရေးအဖွဲ့ ခရီးစဉ်အတွင်း တပ်မတော်နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားသည့် ရှမ်းပြည်နယ်ရှိ နမ့်လန်၊ တုံလော၊မိုင်းကိုင်ဒေသများရှိ ဒေသခံများ နှင့်တွေ့ဆုံခြင်း၊ နှစ်ဖက်တပ်ဖွဲ့ များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
မည်သည့်အဖွဲ့ဘက်က NCA ချိုးဖောက်သည်ဆိုသည်ကို စိစစ်ရရှိပါက ချိုးဖောက်သည့်အ ဖွဲ့ဘက်ကို သက်ဆိုင်ရာလုပ်ထုံး လုပ်နည်းအရ အရေးယူမည်ဟု JMC-U အတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးရ်က ပြောကြား သည်။
‘‘တကယ်လို့ တပ်မတော် ဘက်က မှားတယ်ဆိုရင် တပ်မ တော်ရဲ့ဥပဒေအရ အရေးယူရမှာ ပေါ့။ ကျွန်တော်တို့ ဟိုဘက်က မှားတယ်ဆိုရင် သူတို့အဖွဲ့ရဲ့လုပ် ထုံးလုပ်နည်းအရ အရေးယူရမှာ ပေါ့။ အဲဒီအရေးယူမှုတွေကို လည်း ထပ်ပြီးတော့ ပြန်လည်တင်ပြမှာပေါ့။ နောက် ဒီလိုမျိုးထိတွေ့ မှုတွေ မရှိအောင် ဘယ်လိုလုပ်ရ မယ်၊ ဘယ်လိုကာကွယ်ရမယ်ဆို ရာမှာ အကြံပြုချက်ကို လုပ်ငန်း အစီရင်ခံစာထဲမှာ သူတို့ထည့် သွင်းမှာပေါ့’’ဟု ဒေါက်တာရွှေ ခါးရ်က ဆိုသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့တို့သည် ၂၀၁၅ အောက်တိုဘာ ၁၅ ရက် တွင် NCA လက်မှတ်ရေးထိုးခဲ့ပြီး တပ်မတော်နှင့်   RCSS   တို့ အကြား တိုက်ပွဲဖြစ်ပွားမှုအနည်း ဆုံး ခြောက်ကြိမ်ရှိခဲ့ကြောင်း JMC-U ကိုယ်စားလှယ်များက ပြော သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment