7.11.16

မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာတိုက်ခန်းများကို ဝန်ထမ်းများ၊ အငြိမ်းစားနှင့် ဝင်ငွေနည်းပြည်သူတို့အား ရောင်းချမည်

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ မြေကွက်အမှတ်(မမ-၁၆) မြေဧရိယာ ၇ ဒသမ ၆၇ ဧကပေါ်တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ စီမံကိန်း ရှစ်ခန်းတွဲ ငါးထပ်၊ အဆောက်အအုံ ၁၄ လုံး၊ အခန်းပေါင်း ၅၆ဝ ကို မန္တလေးတိုင်းဒေသကြီး အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော လုပ်သက်အနည်းဆုံးငါးနှစ်ရှိ နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ၊ ဝင်ငွေနည်းပြည်သူများနှင့် ကုမ္ပဏီဝန်ထမ်းများအား လက်ငင်းငွေချေစနစ်၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်၍ အရစ်ကျငွေချေစနစ်များဖြင့် ရောင်းချပေးမည်ဖြစ်သည်။

မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာများသည် အိမ်ခန်းတစ်ခန်းလျှင် ၅၆၇ စတုရန်းပေ အကျယ်အဝန်းရှိပြီး ရေမီးအစုံ၊ ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖိုခန်း၊ ရေအိမ်
သာတို့ပါဝင်ပြီး မြေညီထပ်တစ်ခန်းလျှင် ငွေကျပ် ၂၂၃ သိန်း၊ ပထမထပ်တစ်ခန်းလျှင် ငွေကျပ် ၂ဝ၈ သိန်း၊ ဒုတိယထပ်တစ်ခန်းလျှင် ငွေကျပ် ၁၉၃ သိန်း၊
တတိယထပ်တစ်ခန်းလျှင် ငွေကျပ် ၁၇၈ သိန်း၊ စတုတ္ထထပ်တစ်ခန်းလျှင် ငွေကျပ် ၁၆၃ သိန်းဖြင့် ရောင်းချပေးမည်ဖြစ်သည်။

မြရည်နန္ဒာ တန်ဖိုးမျှတ တိုက်ခန်းများ ဝယ်ယူရန်အတွက် လျှောက်ထားသူ၏ မိသားစုပျှမ်းမျှလစဉ်ဝင်ငွေစုစုပေါင်းမှာ အနည်းဆုံးငွေကျပ် လေး
သိန်းမှ ငွေကျပ်ငါးသိန်းအထိ ဝင်ငွေရှိရမည်ဖြစ် သည်။

မြရည်နန္ဒာ တန်ဖိုးမျှတ တိုက်ခန်းများ ဝယ်ယူလိုသူများသည် အိမ်ခန်းဝယ်ယူခွင့် လျှောက်လွှာများကို ဒီဇင်ဘာ ၁ ရက်မှ ၃ဝ ရက်အထိ လျှောက်လွှာ
တစ်စောင် ကျပ်၅ဝဝနှုန်းဖြင့် အောင်မြေသာစံမြို့ နယ် ၆၆ လမ်း ၁၆ လမ်းနှင့် ၁၉လမ်းကြားရှိ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန မန္တလေးတိုင်းဒေသ
ကြီး ညွန်ကြားရေးမှူးရုံး၌ လာရောက် ဝယ်ယူတင်သွင်းနိုင်ကြောင်း သိရသည်။



Credit To >>> The Mirror Daily

0 comments:

Post a Comment