7.11.16

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဥရောပသို့ သွားရောက်

ဥရောပသမဂ္ဂကာကွယ် ရေးဦးစီးချုပ်များ၏ စစ်ဘက်ဆိုင် ရာ ကော်မတီအစည်းအဝေးတက် ရောက်ရန် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် ဘယ်လ်ဂျီယံနိုင်ငံသို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
ဥရောပသမဂ္ဂ စစ်ဘက်ဆိုင် ရာ ကော်မတီဥက္ကဋ္ဌ Gen Mikihail Kostarakos ၏ ဖိတ်ကြားချက်အ ရ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုဝင်ဘာ ၅ ရက် ညက ရန်ကုန်မြို့မှ ထွက်ခွာသွားကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့သည် နိုဝင်ဘာ ၆ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် ဘယ်လ်ဂျီယံနိုင်ငံ ဘ ရပ်ဆဲလ်မြို့ရှိ Zaventem လေ ဆိပ်သို့ ရောက်ရှိခဲ့သည်။

ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်သည် ဥရောပ သမဂ္ဂ ကာကွယ်ရေးဦးစီးချုပ်များ ၏ စစ်ဘက်ဆိုင်ရာကော်မတီအ စည်းအဝေးတက်ရောက်မည်ဖြစ် ပြီး ဥရောပသမဂ္ဂဆိုင်ရာ အကြီး အကဲများ၊ ဥရောပနိုင်ငံများမှ ကာကွယ်ရေးဦးစီးချုပ်များနှင့် တွေ့ ဆုံဆွေးနွေးမည်ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တပ်မတော်အရာရှိများ လိုက်ပါသွားကြောင်း သတင်းရရှိသည်။

ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှုနှင့် နည်းပညာလွှဲပြောင်းမှု ပိတ်ဆို့ထားဆဲ ဖြစ်သော်လည်း မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် အီးယူစစ်ဘက် ဆိုင်ရာ အဆင့်မြင့်အစည်းအဝေး တက်ရောက်ခွင့်ရရှိခဲ့ခြင်းမှာ စိတ် ၀င်စားဖွယ်ကောင်းကြောင်း အ ရပ်ဘက်-စစ်ဘက် ဆက်ဆံရေး လေ့လာစောင့်ကြည့်သည့် တ ကောင်း နိုင်ငံရေးလေ့လာမှုအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ကိုရဲမျိုးဟိန်းက သုံးသပ်သည်။

အမေရိကနှင့် အီးယူအနေ ဖြင့် ကာလရှည်ကြာစွာ အထီး ကျန်နေခဲ့သည့် မြန်မာ့တပ်မတော် ကို ထိတွေ့ဆက်ဆံမှုများ ပြန်လည်စတင်ပြုလုပ်နေပြီး ယင်းထိတွေ့ဆက်ဆံမှုများမှ မြန်မာ့တပ် မတော်ကို ဒီမိုကရေစီအယူအဆ များနှင့် ပြန်လည်ထိစပ်စေနိုင်မည့် အယူအဆ အားကောင်းနေသည် ကို တွေ့ရကြောင်း ၎င်းကမှတ် ချက်ပြုသည်။

ထို့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ဥရောပသမဂ္ဂစစ်ရေးကော်မတီ အစည်းအဝေး အထူးအစီအစဉ်အနေဖြင့် ‘‘မြန်မာပြည်ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် ဖြစ်ပေါ်ပြောင်းလဲလာသည့် ကာကွယ်ရေးအခင်းအကျင်းနှင့် စစ်ဘက်၏ အခန်းကဏ္ဍ’’အကြောင်းအရာကို ဆွေးနွေးတင်ပြမည်ဟု သိရကြောင်း ကိုရဲမျိုးဟိန်းကဆိုသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment