7.11.16

စက်မှုကုန်ချောနှင့် သတ္တုတွင်းထွက် ပစ္စည်းတင်ပို့မှု လျော့ကျ

အစိုးရသစ်လက်ထက် ခုနစ်လတာအတွင်း ယခင်ဘဏ္ဍာနှစ်ထက် ပြည်ပပို့ကုန်တင်ပို့မှု တိုးလာသော်လည်း စက်မှုကုန်ချောနှင့် သတ္တုတွင်းထွက်ပစ္စည်းများတင်ပို့နိုင်မှုလျော့ကျခဲ့ကြောင်း  သတင်းရရှိသည်။


အစိုးရသစ်လက်ထက် ဧပြီ မှ အောက်တိုဘာကုန်အထိ စက် မှုကုန်ချောပို့ကုန်သည် အမေရိကန်ဒေါ်လာ ၃ဒသမ၃ ဘီလီယံရှိပြီး သတ္တုတွင်းထွက်မှာ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ခန့်ရှိသည်။ သို့သော် ယခုဘဏ္ဍာနှစ် ကာလတူတွင် သတ္တုတွင်းထွက် ပစ္စည်းတင်ပို့မှုမှာ ဒေါ်လာသန်း  ၅၂၀၊ စက်မှုကုန်ချောတင်ပို့ရာမှ ဒေါ်လာ သုံးဘီလီယံရှိပြီး အဆိုပါ ကုန်စည်များတင်ပို့မှုမှာ ယခင်နှစ် ကာလတူကထက် အမေရိကန်ဒေါ်လာ သန်း ၅၅၀ကျော် လျော့နည်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော အချက်အ လက်များတွင်ဖော်ပြထားသည်။
  အဆိုပါ ပို့ကုန်နှစ်ခုမှာ လျော့နည်းခဲ့သော်လည်းအခြား ပြည်ပပို့ကုန်ပစ္စည်းများမြင့်တက် ခြင်းကြောင့် စုစုပေါင်း ပို့ကုန် တန်ဖိုး ယခင်နှစ် ကာလတူက ထက် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ပိုများလာသည်။ခုနစ် လအတွင်း ပို့ကုန်ပမာဏမှာ ၆ဒ သမ၅ ဘီလီယံကျော်ရှိပြီး ယခင် နှစ်ကာလတူက ၆ ဘီလီယံထက် သန်းလေးရာကျော် ပိုများခဲ့ခြင်း ဖြစ်သည်။
        ‘‘ကျောက်တူးတာတဲ့။ကျောက်မျက်ရတနာရောင်းချတာမကောင်းဘူး။ အဓိကက ဒါကြောင့်ကျတာ’’ဟု စီးပွားကူးသန်း ၀န်ကြီးဌာနအကြံပေးဆောင်ရွက်ခဲ့သူ ဒေါက်တာ မောင်အောင်က ပြောကြားသည်။
ထို့အပြင် အထည်ချုပ်လုပ် ငန်းသည်  မနှစ်ကထက်မြင့်တက်ခဲ့သော်လည်း အစိုးရက ထုတ်လုပ် သည့် သဘာဝဓာတ်ငွေ့ဈေးကျ သဖြင့် ယခုကဲ့သို့ တင်ပို့ကိန်းဂဏန်း ကျဆင်းခြင်းဖြစ်သည်ဟု ၎င်းကဆက်လက်ပြောသည်။
ပို့ကုန်တွင် လယ်ယာထွက် ကုန်၊ ရေထွက်၊ သစ်တောထွက်၊ တိရစ္ဆာန် ထွက်ကုန်ပစ္စည်းများ တင်ပို့မှုမြင့်တက်ခဲ့သည်။
တရုတ်နိုင်ငံမှ မြန်မာ့လယ် ယာထွက်ကုန်များကို တရားမ၀င် ကုန်သွယ်မှုတားဆီးရေးအစီအ စဉ်ဖြင့် ဖမ်းဆီးမှုများဆက်တိုက် ပြုလုပ်၍ ပို့ကုန်ပမာဏ ထင်သ လောက်မတိုးမြင့်ရခြင်းဖြစ်သည် ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
သွင်းကုန်ကဏ္ဍတွင်လည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကုန်ကြမ်း ပစ္စည်းတင်သွင်းမှုသည် ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ  တစ်ဘီလီယံခန့်လျော့နည်းခဲ့သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment