11.1.17

ရွှေဗဟိုဈေးကွက် ဖော်ဆောင်ရန် ကြန့်ကြာဦးမည်ဟု ရွှေအသင်းဆို

 ရွှေဗဟိုဈေးကွက်ဖြစ် ပေါ်လာရန် ရွှေလုပ်ငန်းရှင်များက အဆင်သင့်ဖြစ်နေသော်လည်း အစိုးရဘက်က အကူအညီမပေး နိုင်၍ ဖွင့်လှစ်ရန် ကြန့်ကြာနေ ဦးမည်ဟု မြန်မာနိုင်ငံရွှေလုပ်ငန်း ရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကျော်မြင့်ကပြောသည်။

‘‘အားပေးမယ်လို့ပြောတယ်။ သူတို့လုပ်ပေးမှ ဖြစ်မယ်။ တင် တော့တင်ပြထားတယ်။ ရာခိုင် နှုန်းနဲ့ပြောရမယ်ဆို ၅၀ ရာခိုင် နှုန်းလောက်ပြီးနေပြီ။ ရွှေကုမ္ပ ဏီတွေဘက်က အဆင်သင့်ပဲ။ ဒါပေမဲ့ အစိုးရမပါရင်ဘာမှ လုပ် လို့မရဘူး’’ဟု ဦးကျော်မြင့်ကပြော ကြားသည်။
ရွှေဗဟိုဈေးကွက်ဖြစ်ပေါ် လာရေးအတွက် တတိယမူကြမ်း စည်းမျဉ်းများကို ပြင်ဆင်ရေး ဆွဲနေပြီဖြစ်ပြီး မူကြမ်းပြီးလျှင် လည်း ရွှေဗဟိုဈေးကွက်ဖြစ်ပေါ် လာစေရန်မှာ အစိုးရ၏ လုပ် ဆောင်မှုပေါ်သာ မူတည်သည်ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးကျော် ၀င်းကပြောသည်။
ရွှေဗဟိုဈေးကွက် ပေါ် ပေါက်လာရေးအတွက် လက်ရှိ အစိုးရနှင့် ရွှေလုပ်ငန်းရှင်များအ သင်းတို့ နှစ်ကြိမ်သာတွေ့ဆုံထား ပြီး အစိုးရဘက်က ကူညီပေးမည် ဟု ကတိစကားပြောကြားခဲ့သည် ဟု ဦးကျော်မြင့်ကပြောသည်။
 ရွှေဗဟိုဈေးကွက်သည် ရောင်းသူနှင့် ၀ယ်သူတစ်နေရာ တည်းတွင် အဆင်ပြေစွာ ရောင်း ချနိုင်ရန် သတ်မှတ်ပေးသည့် ဈေး ကွက်ဖြစ်ပြီး ရွှေဗဟိုဈေးကွက် ပေါ်ပေါက်လာပါက ရွှေဈေးအ တက်အကျ တည်ငြိမ်အောင်ထိန်း သိမ်းနိုင်မည်ဖြစ်ပြီး လိမ်ညာ ရောင်းချမှုများနှင့် ရောင်းမှား ၀ယ်မှားများ မရှိတော့ဟု ဦးကျော် မြင့်ကပြောသည်။
ရွှေဗဟိုဈေးကွက် ဖြစ်ပေါ် လာစေရန် ယခု ပြင်ဆင်ထား သည့် သတ္တုတွင်း ဥပဒေတွင် ထုတ်လုပ်ပြီး သတ္တုကိုရောင်းချ ခွင့်ပေးထားသည်။ ထို့ကြောင့် ရောင်းခွင့်ဝယ်ခွင့် လိုင်စင်များ ထုတ်ပေးမည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန အကြံပေး ဦး ၀င်းထိန်ကပြောသည်။
‘‘၀န်ကြီးဌာနဘက်ကတော့ အကုန်အဆင်သင့်ဖြစ်နေပါပြီ။ စီးကူးတို့၊ ဗဟိုဘဏ်တို့၊ အ ကောက်ခွန်တို့နဲ့ ညှိဖို့ပဲလိုတော့ တယ်။ နောက်ဆုံး လုပ်ရမှာက မြန်မာနိုင်ငံရဲ့ရွှေကို စံနှုန်းတစ်ခု သတ်မှတ်ပေးဖို့ ကျန်တော့တယ်’’ ဟု ဦးဝင်းထိန်ကပြောသည်။
မြန်မာ့ရွှေဗဟိုဈေးကွက် အ ကောင်အထည်ဖော်ရန် သမ္မတ ဦးသိန်းစိန်က ၂၀၁၅ ဒီဇင်ဘာ ၇ ရက်တွင် ခွင့်ပြုပေးခဲ့ပြီးဖြစ်သည်။ လက်ရှိတွင် ရွှေဗဟိုဈေးကွက် မရှိဘဲ အနီးဝန်းကျင်နိုင်ငံများ၏ ဈေးကွက်ကိုသာ မှီခိုရောင်းချနေ ရသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment