11.1.17

ဒေါ်လာဈေး ကျပ် ၁၃၇၀ ခန့်အထိ မြင့်တက်ခဲ့သော်လည်း မွန်းလွဲပိုင်းတွင် ၁၃၆၂ ကျပ်သို့ ပြန်ဆင်း

ဇန်န၀ါရီ ၉ ရက်အတွင်း ကျပ် ၁၀ ဂဏန်း ခုန်တက်ခဲ့သော နိုင်ငံခြား ငွေလဲနှုန်းသည် ဇန်န၀ါရီ ၁၀ ရက်တွင် ကျပ် ၁၃၇၀ ခန့်အထိ မြင့်တက်ခဲ့သော်လည်း မွန်းလွဲပိုင်းတွင် ၁၃၆၂ ကျပ်အထိ ပြန်လည် ကျဆင်းခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ငွေကြေးဈေးကွက်၌ ဒေါ်လာဈေး ကျဆင်းလာသော်လည်း ပြည်တွင်းဈေးကွက်တွင် တက်ရိပ်ပြခဲ့ခြင်း ဖြစ်သည်။ ဇန်န၀ါရီ ၉ ရက်တွင် ၁၀၂ ဒသမ ၄၃ ပွိုင့်ဝန်းကျင် အထိရှိသော ဒေါ်လာဈေးအညွှန်းကိန်းသည် အမေရိကန် အလုပ်အကိုင် ဈေးကွက် အညွှန်းကိန်း ထွက်ပေါ်ချိန်၌ ရလဒ်အား ပျော့မှုကြောင့် ဇန်န၀ါရီ ၁၀ ရက် နံနက်ပိုင်းတွင် ၁၀၁ ဒသမ ၅၁ ပွိုင့်အထိ ကျဆင်းစေခဲ့သည်။ ဇန်န၀ါရီ ၇ ရက်မှ ၉ ရက်အတွင်း ကမ္ဘာ့ဈေးကွက်၌ ဒေါ်လာဈေး အညွှန်းကိန်း အားကောင်းခဲ့ပြီး ဇန်န၀ါရီ ၁၀ ရက်တွင် ပြန်လည် အားပျော့လာခဲ့သော်လည်း ပြည်တွင်းဈေးကွက်၌ ဇန်န၀ါရီ ၁၀ ရက် နံနက်ပိုင်းတွင် ဒေါ်လာဈေး ၁၃၆၉ ကျပ်အထိ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။


ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်၌ ဒေါ်လာဈေး စံချိန်တင်နှုန်းအဖြစ် ၁၄၃၈ ကျပ်အထိ အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီးနောက် ဈေးနှုန်းပြန်ကျလာရာ ယင်းနောက်ပိုင်း အနိမ့်ဆုံးနှုန်းအဖြစ် ဇန်န၀ါရီ ၃ ရက် နှင့် ၆ ရက်တို့တွင် တစ်ဒေါ်လာ ကျပ် ၁၃၅၀ အထိ ပြန်လည်ကျဆင်းခဲ့သည်။ ကမ္ဘာ့ဈေး မတည်မငြိမ်ဖြစ်ခြင်းကြောင့် ပြည်တွင်း နိုင်ငံခြားငွေ ရောင်းဝယ်ရေး ဈေးကွက်တွင် သက်ရောက်မှုများ ဖြစ်ပေါ်နေပြီး ဇန်န၀ါရီ ၄ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၃၆၀ အထိ မြင့်တက်ခဲ့သော ဒေါ်လာဈေးသည် ဇန်န၀ါရီ ၆ ရက်တွင် ကျပ် ၁၃၅၀ အထိ ပြန်ကျခဲ့ကာ ဇန်န၀ါရီ ၉ ရက်တွင် ၁၃၆၅ ကျပ် အထိ၊ ဇန်န၀ါရီ ၁၀ ရက်တွင် ၁၃၆၉ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့သည်။ ဇန်န၀ါရီ ၁၀ ရက် နံနက်ပိုင်းတွင် ကမ္ဘာ့ဈေး ကျဆင်းနေသော်လည်း ၁၃၆၉ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ၁၃၆၂ ကျပ်အထိ ပြန်လည် ကျဆင်းခဲ့ခြင်းဖြစ်သည်။

တစ်ပတ်အတွင်း ရက်အလိုက် အမြင့်ဆုံးဖြစ်ပေါ်သော နိုင်ငံခြား ငွေလဲနှုန်းထားများမှာ ဇန်န၀ါရီ ၄ ရက်တွင် ကျပ် ၁၃၆၀၊ ဇန်န၀ါရီ ၅ ရက်တွင် ၁၃၅၃ ကျပ်၊ ဇန်န၀ါရီ ၆ ရက်တွင် ၁၃၅၂ ကျပ်၊ ဇန်န၀ါရီ ၇ ရက်တွင် ၁၃၅၅ ကျပ်၊ ဇန်န၀ါရီ ၈ ရက်တွင် ၁၃၅၅ ကျပ်၊ ဇန်န၀ါရီ ၉ ရက်တွင် ၁၃၆၅ ကျပ်၊ ဇန်န၀ါရီ ၁၀ ရက်အတွင်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းမှာ ၁၃၆၉ ကျပ်ဖြစ်ပြီး အနိမ့်ဆုံးဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းမှာ ၁၃၆၂ ကျပ် ဖြစ်သည်။

ဈေးကွက်အတွင်း ဒေါ်လာဈေး အနည်းငယ် မြင့်တက်လာသောကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းကို ဇန်န၀ါရီ ၁၀ ရက်တွင် ကျပ် ၁၃၅၀ အဖြစ် ငါးကျပ် မြှင့်တင် သတ်မှတ်ခဲ့သည်။ ဗဟိုဘဏ် ရည်ညွှန်းနှုန်းကို ဒီဇင်ဘာ ၂၈၊ ၂၉၊ ၃၀ ရက်တို့တွင် ၁၃၆၅ ကျပ်အဖြစ် သတ်မှတ်ခဲ့ကာ ဇန်န၀ါရီ ၂ ရက်တွင် ကျပ် ၁၃၆၀၊ ဇန်န၀ါရီ ၃၊ ၅ ရက်တွင် ၁၃၅၅ ကျပ်၊ ဇန်န၀ါရီ ၆ ရက်တွင် ကျပ် ၁၃၅၀၊ ဇန်န၀ါရီ ၉ ရက်တွင် ၁၃၄၅ ကျပ်၊ ဇန်န၀ါရီ ၁၀ ရက်တွင် ကျပ် ၁၃၅၀ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment