11.1.17

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံများ ဘေးလွတ်ရာသို့ ရှောင်ပုန်းနေ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့၊ ဇယန်းကြီးရွာမြောက်ဘက် ငါးမိုင်ခန့်အကွာတွင် တပ်မတော်နှင့် TNLA ပလောင်တပ်ဖွဲ့တို့သည် မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် ထိတွေ့မှု ဖြစ်ပွားခဲ့သဖြင့် ဇယန်းကြီးရွာအနီး အနားမှ ဒေသခံပြည်သူများ နမ့်ဆန်မြို့ဒေသ ဦးစီးရုံးသို့ သွားရောက်ခိုလှုံနေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ဇန်န၀ါရီ ၁၀ ရက် မွန်းတည့် ၁၂ နာရီတွင် နှစ်ဖက်တပ်များ ထိတွေ့မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများသည် နမ့်ဆန်ဒေသ ဦးစီးရုံးသို့ သွားရောက် ပုန်းခိုနေရပြီး မွန်းလွဲ ၂ နာရီတွင် ပြန်လည်ငြိမ်သက်သွားကြောင်း သိရသည်။

ဒေသခံတစ်ဦး၏ ပြောကြားချက်အရ ဇယန်းကြီး ကျေးရွာသို့ လက်နက်ကိုင်တပ်ဖွဲ့များ ၀င်ရောက်လာခြင်းကြောင့် ဆိုင်ခန်းများ ပိတ်ခြင်း၊ ကျောင်းများ စောစောဆင်းပေးရခြင်း၊ ပြည်သူလူထုသည် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် မနေရဲတော့ဘဲ နီးစပ်ရာ ကျေးရွာများသို့ ပြောင်းရွှေ့ခိုလှုံနေရကြောင်း သိရသည်။

“မနက်ကတုန်းက ကြေညာလိုက်တော့ နမ့်ဆန်ဒေသရုံးမှာ သွားစုနေကြရတယ်။ အခု နေ့လယ်ပိုင်းမှာက တိုက်ပွဲဖြစ်နေပြီ။ နမ့်ဆန်စော်ဘွား သင်္ချိုင်းနားက ဒေသရုံးပေါ့။ အဲဒီမှာ ရှိတယ်။ အကုန်လုံးက ထွက်ပြေးနေရတယ်။ အဆက်အသွယ် မရသေးဘူး။ နေရပ်မှာ မနေရဲတော့ဘဲ နီးစပ်ရာကို ပြေးလွှားနေကြရတယ်” ဟု သီပေါဒေသခံ တစ်ဦးက ပြောကြားသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment