14.3.13

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် နယူးဇီလန်နိုင်ငံနှင့် ဩစတြေးလျ ဓနသဟာယနိုင်ငံတို့သို့ ချစ်ကြည်ရေးခရီးထွက်ခွာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာဂျွန်ကီးနှင့် ဩစတြေးလျ ဓနသဟာယနိုင်ငံ ဘုရင်ခံချုပ် မစ္စကွင်တင်း ဘရိုက်စ်တို့၏ ဖိတ်ကြားချက်အရ နယူးဇီလန်နိုင်ငံနှင့် ဩစတြေးလျ ဓနသဟာယ နိုင်ငံတို့သို့ ချစ်ကြည်ရေးခရီး သွားရောက်ရန် ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာသွား သည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်အား

ဒုတိယသမ္မတဦးဥာဏ်ထွန်း၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများက နေပြည်တော်လေဆိပ် တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်း၊ ဦးအုန်းမြင့်၊ ဦးခင်ရီ၊ ဒေါက်တာမြအေး၊ ဒေါက်တာ မြင့်အောင်၊ ဒေါက်တာကံဇော်၊ ဒေါက်တာ ကိုကိုဦး၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာ ဝင်းမြင့်၊ ဦးရဲထွဋ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါသွားကြသည်။
 

0 comments:

Post a Comment