14.3.13

အသင်းပြောင်းတော့မည့် ပိုဒေါ့စကီး

အာဆင်နယ် တိုက်စစ်မှူး ပိုဒေါ့စကီးသည် ရာသီကုန်ဆုံးတွင် အသင်းမှ ထွက်တော့မည်ဟု သိရသည်။
အဆိုပါ ဂျာမနီ တိုက်စစ်မှူးကို ဂျူဗင်တပ်နှင့် အက်သလက်တီကို အသင်းတို့က ပစ်မှတ် ထားနေသည်။ ပိုဒေါစကီးသည် ယခုရာသီအစတွင် ကိုလုံးမှ အာဆင်နယ်သို့ ရောက်လာပြီး တစ်နှစ်မပြည့်ခင်မှာပင် အသင်းပြောင်းရန် ဟန်ပြင်လာခြင်း ဖြစ်သည်။ အသက် ၂၇ နှစ် အရွယ်ရှိ ပိုဒေါ့စကီးသည် မနက်ဖြန် ဘိုင်ယန်အသင်းနှင့် အဝေးကွင်း ချန်ပီယံလိဂ် ပွဲစဉ်ကို ဒဏ်ရာကြောင့် လွဲချော်မည် ဖြစ်သည်။ 
ပိုဒေါ့စကီးသည် နောက်ဆုံး ပရီးမီးယားလိဂ် ၃ ပွဲတွင် အရန်ခုံ၌ ချန်လှပ်ခံရ၍ စိတ်ကုန်နေပြီး ယခုရာသီတွင် အာဆင်နယ် အသင်း အတွက် ၁၃ ဂိုးသာ သွင်းယူထားသူဖြစ်သည်။ ဂျူဗင်တပ် အသင်းသည် ပိုဒေါစကီးကို ပေါင် ၁၅ သန်းဖြင့် ခေါ်ယူနိုင်ရန် ပစ်မှတ်ထားနေသည်။ ပိုဒေါစကီးသည် လွန်ခဲ့သည့် ဘိုင်ယန် အသင်းနှင့် အိမ်ကွင်း ပွဲစဉ်တွင် အာဆင်နယ် အသင်း ၃း၁ ဖြင့် အရေးနိမ့်ခဲ့သော်လည်း အသင်းအတွက် ချေပဂိုး တစ်ဂိုးကို သွင်းယူခဲ့သူ ဖြစ်သည်။

0 comments:

Post a Comment