14.3.13

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဌာနမှ အထူးကိုယ်စားလှယ် H.E. Mr. Wang Yingfan အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အထူးကိုယ်စားလှယ် H.E. Mr. Wang Yingfan အား လက်ခံတွေ့ဆုံသည်။ တွေ့ဆုံရာတွင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်အတူ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သိန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် အထူးကိုယ်စားလှယ် H.E. Mr. Wang Yingfan နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံရုံး ယာယီတာဝန်ခံ Mr. Lu Zhi နှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာ၌ မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရာ တွင် ကူညီမှုများ ပေးအပ်နိုင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ ရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

0 comments:

Post a Comment