14.3.13

ဂိုးသမား ဗဲလ်ဒက်စ်ကို အာဆင်နယ်က ကမ်းလှမ်းလာရန် ဘာကာမျှော်လင့်

ဘာစီလိုနာ အသင်းသည် ၎င်းတို့၏ ဂိုးသမား ဗစ်တာဗဲလ်ဒက်စ်ကို အာဆင်နယ် အသင်းက အတည်ပြု ကမ်းလှမ်းလာရန် မျှော်လင့်နေကြောင်း သိရှိရသည်။ အာဆင်နယ် အနေဖြင့် စပိန် လက်ရွေးစင် ဗဲလ်ဒက်စ်ကို ပေါင်စတာလင် (၈.၅) သန်းဖြင့် ကမ်းလှမ်းလာပါက ၎င်းကို ရောင်းထုတ်သွားရန် အသင့်ရှိနေသည်။ ဘာစီလိုနာ အသင်း၏ လူငယ်စီမံကိန်းမှ ထွက်ပေါ်လာပြီး နူးကမ့်တွင် ကစားသမားဘဝ တစ်လျှောက်လုံး ကစားခဲ့သည့် အသက် (၃၁) နှစ်အရွယ် ဂိုးသမားသည် စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် အသင်းမှ ထွက်ခွာတော့မည်ဟု ပြောကြားထားသည်။ ထို့ကြောင့် ဘာစီလိုနာက ရာသီကုန်တွင် စာချုပ်သက်တမ်း (၁) နှစ်သာ ကျန်ရှိမည့် အချိန်၌ ၎င်းကို ရောင်းထုတ်သွားရန် ဆန္ဒရှိနေသည်။

ထို့နောက်တွင် ဘာစီလိုနာက လီဗာပူးလ် အသင်းမှ စပိန်လက်ရွေးစင် ဂိုးသမား ပီပီရေနာကို ပြန်လည် ကမ်းလှမ်းသွားရန် ရည်ရွယ်ထားသည်။ ရေနာနှင့် ဗဲလ်ဒက်စ်တို့သည် ဘာစီလိုနာ၏ လာမာစီယာ လူငယ် အကယ်ဒမီတွင် အတူတကွ လေ့ကျင့်သင်ယူခဲ့သူများ ဖြစ်သည်။ အာဆင်နယ်သည် လက်ရှိ ပထမဦးစားပေး ဂိုးသမား ဝေါ့ဆစ်ခ်ျဆက်ဇနီ၏ အလားအလာကို မျှော်လင့်ထားသလောက် မဖြစ်မြောက်လာသည့်အတွက် အတွေ့အကြုံရင့် ဂိုးသမား တစ်ဦးဖြစ်သော ဗဲလ်ဒက်စ်ကို စိတ်ဝင်စားနေခြင်း ဖြစ်သည်။

0 comments:

Post a Comment