14.3.13

ထုတ်ပယ်ခံရသည့် ပါလာမို နည်းပြ

စီးရီးအေ ကလပ် ပါလာမို အသင်းသည် မကြာသေးခင်ကမှ ခန့်အပ်သည့် အသင်း နည်းပြ ဂတ်စပါရီနီအား ၁၉ ရက်အကြာတွင် ထုတ်ပယ်ခဲ့ကြောင်း သိရသည်။ သူသည် ပါလာမို အသင်းရဲ့ ပွဲစဉ် ၂ ပွဲကို ကိုင်တွယ်ခဲ့အပြီးမှာ အခုလို ထုတ်ပယ်ခံရခြင်း ဖြစ်သည်။ ပါလာမို အသင်းသည် ပြီးခဲ့သည့် လက ထုတ်ပယ်ခဲ့သည့် နည်းပြ အယ်ဘာတို မယ်လက်ဆာနီ၏ နေရာတွင် ဂတ်စပါရီအား အစားထိုးခဲ့တာ ဖြစ်ပြီး သူ့လက်ထက်မှာ ပါလာမို အသင်းသည် တိုရီနို အသင်းနှင့် ၀းဝ သရေ ၊ ဆီရီနာ အသင်းနှင့် ၂း၁ ဖြင့်ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် ပါလာမို အသင်း ဥက္ကဌသည် နည်းပြ ဂတ်ပါရီနှင့် တွေ့ဆုံခဲ့ပြီးနောက် ယခုလို အသင်းနှင့် နည်းပြ လမ်းခွဲလိုက်ကြောင်း ထုတ်ပြန် လိုက်သည်။ ပါလာမို အသင်းသည် လစ်လပ် သွားသည့် အသင်း နည်းပြ နေရာတွင် ဆမ်ပါရီနီ အသင်း နည်းပြဟောင်း ဆန်နီနိုအား ခန့်အပ်ဖွယ်ရှိနေသည်။

0 comments:

Post a Comment