14.3.13

မြင့်နိုင်အား ခေါ်ယူခဲ့သည့် ရခိုင်ယူနိုက်တက်

ရခိုင်ယူနိုက်တက်အသင်းသည် ရာသီအစပိုင်းတွင် အသင်းရလဒ်များဆိုးရွားနေမှု ကို ပြင်ဆင်သည့် အနေဖြင့် မြန်မာနေရှင်နယ်လိဂ် အတွေ့အကြုံရင့် ဟံသာဝတီယူနိုက်တက်အသင်း ကွင်းလယ်လူ မြင့်နိုင်အောင် ခေါ်ယူလိုက်ကြောင်း သိရသည်။
ရခိုင်ယူနိုက်တက် အသင်းသည် 2014 AFC Challenge Cup ပြိုင်ပွဲနှင့် AFC Cup ပြိုင်ပွဲများကြောင့် လိဂ်ပြိုင်ပွဲအား ခေတ္တ ရပ်နားစဉ် အချိန်တွင် အသင်းအား ပြန်လည်ပြင်ဆင်လျက်ရှိပြီး ထို့အပြင် နိုင်ငံခြားကစားသမားများအား ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။ ရခိုင်ယူနိုက်တက်အသင်း တာဝန်ရှိသူတစ်ဦးက // မြင့်နိုင်က ဟံသာဝတီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်သွားပါပြီ။ ဒါကြောင့် မြင့်နိုင်လို အတွေ့အကြုံရှိကစားသမားကို ခေါ်ခဲ့တာပါ။ မြင့်နိုင်အပြင် အခြားအတွေ့အကြုံရှိ ပြည်တွင်းကစားသမားတွေ ခေါ်ယူဖို့ စုံစမ်းနေပါတယ်// ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ရခိုင်ယူနိုက်တက်အသင်းသည် မကွေးအသင်းတိုက်စစ်မှူးဟောင်း အဘိုလာဂျီအား ခေါ်ယူရန် ခြေစွမ်း စမ်းသပ်လျက်ရှိကြောင်း သိရသည်။ မကွေးကစားသမားဟောင်း အဘိုလာဂျီအား ရခိုင်ယူနိုက် တက်အသင်းအပြင် ဟံသာဝတီ ယူနိုက်တက်အသင်းမှလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။

0 comments:

Post a Comment