14.3.13

နိုင်ငံ့ဝန်ထမ်းများအား လစာ တိုးမြှင့်ပေးမည်ဟု နိုင်ငံတော်သမ္မတပြောကြား

ယခုနှစ် ဧပြီလမှ စတင်သုံးစွဲမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်မှစတင်ကာ နိုင်ငံ့ဝန်ထမ်း များအား လစာတိုးမြှင့် ပေးသွားမည် ဖြစ်ကြောင်းမတ်လ ၁၂ ရက်က ပြုလုပ်သည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။ ''ပြည်ထောင်စု အစိုးရ အနေဖြင့် နိုင်ငံ့ဝန်ထမ်းများနဲ့ တပ်မတော် ၀န်ထမ်းများရဲ့ လစာ၊ စရိတ် ခံစားခွင့်တွေကို ခေတ်နဲ့လျော်ညီမှု ရှိစေရန် တိုးမြှင့်ပေးနိုင်ရေးနှင့် လက်ရှိခံစားခွင့် ပြုထားသော အပိုထောက်ပံ့ကြေးနှင့်

ဝေးလံခေါင်သီ ဒေသရှိ ၀န်ထမ်းများအတွက် ဒေသစရိတ် တို့ကိုလည်း ဆက်လက်ခံစား ခွင့်ပြုနိုင်ရေးအတွက် ထည့်သွင်းလျာ ထားပါတယ်'' ဟု နိုင်ငံတော် သမ္မတက ပြောသည်။ ထိုသို့ လစာငွေများ တိုးမြှင့်ပေးရာတွင် ၀န်ထမ်းအသုံးစရိတ်အား ယခင်နှစ်များ အသုံးစရိတ်များထက် ကျပ်ငွေ ၈၃၅ ဘီလီယံ ပိုမိုကျခံသုံးစွဲ သွားမည်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပေးနိုင် တော့မည်ဖြစ်ကြောင်း ပထမ အကြိမ် ဆဋ္ဌမပုံ မှန်ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ ပေးပို့သော နိုင်ငံတော် သမ္မတ၏ နှစ်သစ်ကူး သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

0 comments:

Post a Comment