30.7.13

၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားအတွက်

၈.၈.၈၈ ကို အစွဲပြုလို့ ၈ လေးလုံး အရေးတော်ပုံလို့ အစွဲပြု ခေါ်ဝေါ်ကြတဲ့ သမိုင်းဝင် အထင်ကရ အဖြစ်အပျက်ကြီး တစ်ခု ဖြစ်ပွားခဲ့တာဟာ အခု ၂၀၁၃ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ဆို ၂၅ နှစ် ပြည့်မြောက် သွားခဲ့ပါပြီ။ ဒါကြောင့် ငွေရတု အထိမ်းအမှတ်အဖြစ် အခမ်းအနား တစ်ခုကို ၆၊ ၇၊ ၈ ရက်နေ့တွေမှာ ကျင်းပသွားမယ်လို့ စီစဉ်သူတွေဆီက သိရပါတယ်။

အားလုံး ပါဝင်နိုင်မယ့် ဒီပွဲတော် ကျင်းပဖို့ ရန်ပုံငွေ ရောင်းချပွဲ တစ်ရပ် ကို ပြုလုပ်ရောင်းချမှာ ဖြစ်တယ်လို့ ဆိုတာကြောင့် ၈ လေးလုံး အထိမ်းအမှတ် ပို့စကတ်လေးတွေ၊ T-Shirt လေးတွေ ဝယ်ယူရင်း ပံ့ပိုး ကူညီနိုင်မယ့် နည်းလမ်း

တစ်ခုလည်း ဖြစ်တာမို့ ညွှန်ပေးလိုက်ရခြင်း ပါ။ ဈေးရောင်းပွဲကို သြဂုတ်လ ၃ ရက်နေ့နဲ့ ၄ ရက်နေ့ နှစ်ရက် ပြုလုပ် မှာကြောင့် အဆင်ပြေရာရက်မှာ သွားရောက် ဝယ်ယူ အားပေးနိုင်ပါလိမ့်မယ်။

အနုပညာရှင်တွေ လက်မှတ်ရေးထိုး ရောင်းချပေးမယ့် အထိမ်းအမှတ် T-Shirt လေးတွေ၊ ပို့စကတ်လေးတွေကို သြဂုတ်လ ၃ ရက်နေ့ စနေနေ့ နံနက် ၈ နရီကနေ ၁၀ နာရီခွဲအထိ မြေနီကုန်း မပိုလမ်းက စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်မှာသွားရောက် ဝယ်ယူနိုင်ပါလိမ့်မယ်။

သြဂုတ်လ ၄ ရက်နေ့ နံနက် ၈ နာရီကနေ ၁၀ နာရီခွဲ အတွင်းမှာလည်း အထက်ပါ အစီအစဉ်အတိုင်း တော်ဝင်နှင်းဆီမှာ ရောင်းချပေးမှာဖြစ်ပြီး အဲဒီမှာတော့ အစီအစဉ် တစ်ခု ထပ်တိုးထားပါတယ်။ ငွေရတု အထိမ်းအမှတ် ထုတ်ဝေတဲ့ မဂ္ဂဇင်း မျက်နှာဖုံးပုံ ပန်းချီကားကို လေလံတင် ရောင်းချမယ့် အစီအစဉ်ပါ။ နံနက် ၁၀ နာရီ ကနေ ၁၂ နာရီခွဲအထိ လေလံတင် ရောင်း ချပေးမှာ ဖြစ်ပြီး ရရှိတဲ့ လေလံတင် ငွေကြေးရဲ့ထက်ဝက်ကို ပန်းချီကား ရေးဆွဲပေးတဲ့ ဒါရိုက်တာ ဦးဝင်းဖေကို ပေးအပ်မှာ ဖြစ်ပြီး ကျန်တစ်ဝက်ကို ငွေရတု ကျင်းပရေး ကော်မတီရဲ့ ရန်ပုံငွေအဖြစ် သုံးစွဲမှာ ဖြစ်တယ်လို့ ပွဲစီစဉ်သူက ဆိုပါတယ်။

ပန်းချီလက်ရာတွေကို စိတ်ဝင်တစား သိမ်းဆည်းထားလိုရင်ပဲဖြစ်ဖြစ်၊ ဒီလိုအထိမ်းအမှတ် အခမ်းအနားအတွက် ပံ့ပိုး ပူးပေါင်း ပါဝင်ချင်ရင်ပဲဖြစ်ဖြစ်၊ T-Shirt လေးတွေ၊ ပို့စကတ်လေးတွေကို အားပေးရုံသက်သက် သွားရောက် ဝယ်ချင်ရင်ပဲဖြစ်ဖြစ် သွားရောက် ပူးပေါင်းလို့ရအောင် လမ်းညွှန်ပေးလိုက် ရခြင်းပါ။

The Voice Weekly

0 comments:

Post a Comment