30.7.13

ပရဟိတ ပညာဒါန ပြုလုပ်လိုသူများအား အသိပေးနိုးဆော်ခြင်း


မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတ၀န်းသိုကျောင်းတိုက်၊ စစ်ဘေးရှောင်စခန်းတွင် မှီတင်းနေထိုင်လျက် ကျောင်းတက် ပညာသင်ကြားနေကြသော စစ်ဘေးရှောင် ကျောင်းသား/သူများအား အချိန်ပိုင်း လာရောက် သင်ကြား၊ပြသ၊ လမ်းညွှန်ပေးရန် ဆရာ/ဆရာမ လိုအပ်နေသည်ဟု သိရှိရပါသည်။

ဝန်းသိုကျောင်းစစ်ရှောင်စခန်းတွင် သူငယ်တန်းမှ (၉)တန်းအထိ ကျောင်းသား/သူ ဦးရေ (၄၀)ခန့် ရှိသည်ဟုလည်း သိရပါသည်။

ပရဟိတ ပညာဒါန ပြုလုပ်လိုသော ဆရာ/ဆရာမများ အနေဖြင့် (သို့) ပညာသင်ကြားပေးလိုသော ပုဂ္ဂိုလ်များအနေဖြင့် AM(6:00 to 7:00)၊
PM(5:00 to 10:00) နာရီထိ အချိန်များအတွင်း မိမိတို့ ကြိုက်နှစ်သက်ရာ အချိန်တွင် လာရောက် သင်ကြား၊ လမ်းညွှန်း၊ ပြသနိုင်သည်ဟုလည်း သိရပါသည်။

ပရဟိတ ပညာဒါန ပြုလုပ်လိုသောသူများ ဆက်သွယ်ရန် ----

ဦးပညာဝံသ
ဓမ္မရက္ခိတ၀န်းသိုကျောင်းတိုက
ရှမ်းစုမြောက်ရပ်၊ မြစ်ကြီးနားမြို့။
ဖုန်း ၀၉-၄၇၀၃၉၀၁၄

ဧရာဝတီမြစ်ဖျားဆီက

0 comments:

Post a Comment