30.7.13

၂၀၁၃ အမျိုးသမီးယူရိုပြိုင်ပွဲတွင် ဂျာမနီအသင်း ခြောက်နှစ်ဆက်တိုက် ဗိုလ်စွဲ

ဆွီဒင်နိုင်ငံ တာ့ဟုမ်းမြို့တွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကစားခဲ့သော ၂၀၁၃ ခုနှစ် အမျိုးသမီးယူရိုပြိုင်ပွဲ၌ လက်ရှိချန်ပီယံ ဂျာမနီအမျိုးသမီးအသင်းက ခြောက်နှစ်ဆက် တိုက်အဖြစ် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သည်။


ဗိုလ်လုပွဲကို လေးကြိမ်မြောက်အဖြစ် တက်လှမ်းလာနိုင်ခဲ့သော နော်ဝေအမျိုး သမီးအသင်းသည် ဂျာမနီ အသင်းကို အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်ခဲ့သော်လည်း ရရှိသောအခွင့်အရေးများကို အကောင်းဆုံး အသုံးမချနိုင်ခဲ့သည့်အတွက် ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

အုပ်စုတွင်းတွင် ဆုံတွေ့ခဲ့စဉ်က ဂျာမနီ အား အနိုင်ရခဲ့သော နော်ဝေအသင်းအတွက် ဗိုလ်လုပွဲတွင် ရရှိခဲ့သော ပင်နယ်တီနှစ်လုံးကို ဂျာမနီဂိုး သမား အန်ဂီရာ လက်စွမ်းပြကာကွယ်နိုင်ခဲ့သဖြင့် နော်ဝေတို့ ကံဆိုးခဲ့ရသည်။

ဗိုလ်လုပွဲတွင် တစ်လုံးတည်းသော အနိုင်ဂိုးကို လူစားဝင်လာသော ကွင်းလယ်ကစားသမား အန်ဂျာမီ တက်က ပွဲချိန် ၄၉ မိနစ်တွင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ အုပ်စုပွဲစဉ်မှ ဗိုလ်လုပွဲအထိ ပွဲစဉ်ခြောက်ပွဲ ကစားခဲ့ရာ၌ သွင်းဂိုးခြောက်ဂိုးသာရရှိခဲ့သော်လည်း ဂျာမနီအသင်းသည် ၁၉၉၅ ခုနှစ်ကတည်းက ပြိုင်ပွဲ တိုင်းတွင် ဗိုလ်စွဲထားနိုင်ကာ ချန်ပီယံရှစ်ကြိမ်ဖြစ်ထားပြီး အအောင်မြင်ဆုံးအသင်းအဖြစ်လည်း မှတ်တမ်း တင် ထားသည်။

အောင်သုတ
မဇ္ဈိမ

0 comments:

Post a Comment