30.7.13

နေပြည်တော်နှင့် ရန်ကုန် ပွဲစဉ်ကို ၀ဏ္ဏသိဒ္ဓိ ကွင်းတွင် ကျင်းပမည်

မြန်မာ နေရှင်နယ်လိဂ် MNL Myanmar 2013 ပြိုင်ပွဲ၏ နောက်ဆုံးအပတ် ပွဲစဉ်တစ်ပွဲ ဖြစ်သော နေပြည်တော် အက်ဖ်စီနှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင် ကစားမည့် ပွဲစဉ်အား ၀ဏ္ဏသိဒ္ဓိ ကွင်းတွင် သြဂုတ်လ (၄)ရက်နေ့ ညနေ(၆း၀၀)နာရီ ၌ ကျင်းပသွားမည် ဖြစ်ကြောင်း ပြိုင်ပွဲ ကျင်းပရေး ကော်မတီမှ သတင်းထုတ်ပြန် လိုက်သည်။
အဆိုပါ ပွဲစဉ်အပြီးတွင် ယခုနှစ် ရာသီ အမှတ်ပေး ချန်ပီယံ ရန်ကုန် ယူနိုက်တက်အသင်း အား ဆုဖလား အပ်နှင်းမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် မှ သတင်းထုတ်ပြန်ထားကြောင်း Myanmar News International မှ သတင်းရရှိပါသည်။

ဓာတ်ပုံ-YUFC
Myanmar News International

0 comments:

Post a Comment