30.7.13

ဘရစ်တနေစပီးယားစ်ရဲ့သီချင်းကို ပြန်ဆိုဆန်းသစ်ခဲ့တဲ့ ကေတီပယ်ရီ

အဆိုကျော် ဘရစ်တနေစပီးယားစ်ရဲ့ ထင်ပေါ်ကျော်ကြားတဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ Ooh La La! သီချင်းကို အမေရိကန်အဆိုတော် ကေတီပယ်ရီဟာလျှို့ဝှက် အသံသွင်းထားခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သူမဟာ အဆိုတော်ဘွန်နီမက်ကီးနဲ့ ပေါင်းဖက်ပြီး အဲဒီသီချင်းရဲ့အဆိုပိုင်းကို ဆန်းသစ်ပြောင်းလဲထား ကြောင်းဝန်ခံခဲ့ပြီး အသစ်ထွက်ရှိလာမယ့် ဟာသဇာတ်ကား "Smurfs 2" ဇာတ်ကားမှာ ဇာတ်ဝင်တေး အဖြစ်ထည့်သွင်းထားကြောင်း ပြောဆိုခဲ့ပါတယ်။



သူမက “ကျွန်မနဲ့ ဘွန်နီတို့ဟာ ဒီသီချင်းရဲ့နောက်ခံအဆိုပိုင်းတွေကို တိတ်တိတ်လေး ပြင်ဆင်ခဲ့ကြပါ တယ်။ ကျွန်မတို့ ဘယ်လိုဆိုထားသလဲဆိုတာ မကြာခင်အားလုံးကြားရတော့မှာပါ”လို့ E! သတင်းဌာနနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရှစ်ခွေမြောက်အယ်လ်ဘမ်အတွက် အလုပ်တွေရှုပ်နေတဲ့ ဘရစ်တနေစပီးယားစ်နဲ့ တွေ့ဆုံဖို့ မစောင့်နိုင်တော့ဘူးလို့လည်း ကေတီ ပယ်ရီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အောင်သုတ
မဇ္ဈိမ

0 comments:

Post a Comment