1.8.13

"Air Supply ဖျော်ဖြေပွဲမှ ရရှိသည့် ဝင်ငွေ အားလုံးကို ဝေးလံခေါင် ပါးသော ဒေသများမှ ကလေး သူငယ်များ၏ ပညာရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှု အတွက် အသုံးပြု သွားမည်"

Air Supply Live In Myanmar တေးဂီတ ဖျော်ဖြေပွဲမှ ရရှိသည့် ဝင်ငွေ အားလုံး ကို မြန်မာနိုင်ငံ အတွင်းရှိ ဝေးလံ ခေါင်ပါးသော ဒေသများမှ ကလေး သူငယ်များ၏ ပညာရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များ တွင် အသုံးပြုသွားမည် ဟု Htoo Foundation မှ သိရသည်။


Htoo Foundation Bagan Entertainmentတို့မှ ပူးပေါင်း ကျင်းပသော Air Supply Live In Myanmar တေးဂီတ ဖျော်ဖြေပွဲ အား သြဂုတ်လ ၁၅ ရက်နေ့ တွင် မရမ်းကုန်း မြို့နယ် MCC ခန်းမ၌ ပြုလုပ် မည် ဖြစ်သည်။

Htoo Foundation နှင့် Bagan Entertainment တို့မှ ကျင်းပသော Air Supply Live in Myanmar နှင့် ပတ်သက်၍ Media များအား တရားဝင် ရှင်းလင်း မိတ်ဆက်သည့် အခမ်းအနားကို ဇူလိုင်၂၉ရက် နေ့လယ်တွင် Kandawgyi Palace ဟိုတယ်တွင် ကျင်းပခဲ့သည်။

လက်မှတ် ဈေးနှုန်း များမှာ ငွေ ကျပ် ၅၅ဝဝဝ၊ ၅ဝဝဝဝ၊ ၃ဝဝဝဝ၊ ၂၅ဝဝဝ အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။

Popular Journal

0 comments:

Post a Comment