1.8.13

မိုးများမှုကြောင့် ဇောတိကပိုက်လိုင်း မြေပြိုမှု ကာကွယ်ရန် ကြိုတင်စီမံမှု အားနည်းဟုဆို

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချမည့် ဇောတိကသဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် တနင်္သာရီ သဘာဝကြိုးဝိုင်းအတွင်း ဖြတ်သန်းသွားရာ မိုးရာသီတွင် မြေပြိုမှုများမှ ကာကွယ်ရန် ကြိုတင်စီမံမှု အားနည်းကြောင်း တနင်္သာရီ သဘာဝကြိုးဝိုင်း စီမံကိန်းဒါရိုက်တာ ဦးတင့်ဆွေက ပြောကြားသည်။


အဆိုပါစီမံကိန်းကို ထိုင်းနိုင်ငံ ကုမ္ပဏီဖြစ်သော PTTEP က တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ရာ တနင်္သာရီ ကြိုးဝိုင်းအတွင်း ပိုက်လိုင်း ဖြတ်သန်းပြီး မြေအတွင်းမြှုပ်နှံပြီးနောက် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် (EIA Report) အရ မြေတိုက်စားခြင်း၊ တောင်ပြိုခြင်းများ မဖြစ်စေရန် လိုအပ်သည်များကို ကြိုတင်ဆောင် ရွက်ပေးမည်ဟု ဆိုသော်လည်း လက်တွေ့ တွင် ကြိုတင်စီမံမှု အားနည်းခြင်းကြောင့် နေရာကိုးခုတွင် မြေအက်ကြောင်းများ၊ မြေပြိုမည့် အခြေအနေများ ဖြစ်ပေါ်လာသည် ကို တွေ့ရကြောင်း ၄င်းကပြောကြားသည်။

"ကျွန်တော်တို့တွေ ဝါးတွေ၊ သဲအိတ်တွေနဲ့ မြေလွှာပျက်စီးမှု မဖြစ်အောင် ထိန်းထားပါတယ်။ အရင်က ကြိုမလုပ်ဘူး ဆိုတာက ဘယ်နေရာမှာ မြေပြိုမလဲ ကြိုမသိရဘူးလေ။ ဖြစ်လာတော့မှ ဖြစ်တဲ့နေရာကို ပြန်လုပ်ရတာပေါ့" ဟု PTTEP ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။

မြေအက်ကြောင်း ဖြစ်ပေါ်သော နေရာများသည် တောင်စောင်းနေရာများ၊ တောင်စောက်နေရာများ ဖြစ်ပြီး အောက်ဘက်ရှိမြေများ ပြိုပါက အထက်ပိုင်းရှိ မြေများပါ လိုက်ပြိုနိုင်ကြောင်း၊ ယင်းနေရာ သည် ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ စသည့်လများတွင် မိုးရေချိန် အများဆုံး ရွာသွန်းသည့် နေရာများဖြစ်ကြောင်း ဦးတင့်ဆွေက ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment