1.8.13

"ပစ်မှတ်"

အီရန်နိုင်ငံတွင်.. ...
တပ်မတော်နေ့ ချီတက်လာတဲ့ စစ်ရေးပြ စစ်ကြောင်းကြီးတွေနဲ့အတူ ဒီနှစ်တော့ တမူထူးခြားစွာနဲ့ 'မြေပြင်မှ မြေပြင်ပစ်' ဒုံးပျံတွေလည်း ပြသလာပါတယ်။

ဒါကို စိတ်ဝင်စားနေတဲ့ သတင်းထောက်တယောက်က စစ်အရာရှိကြီးတဦးကို ချဉ်းကပ်မေးမြန်း ပါတော့တယ်... ...



"ဒီဒုံးပျံတွေပစ်ဖို့ စစ်သည်အင်အား ဘယ်လောက်သုံးရပါလဲ"

အရာရှိကြီးက ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြန်ဖြေတယ် ... ...

" ၂ ယောက် "

"နည်းလှချည်လား"

"ဟုတ်တယ်၊ တယောက်က ပစ်တယ်၊ နောက်တယောက်က CNN သတင်းကို တီဗွီမှာ ကြည့်တယ်”

"ဘာ့ကြောင့် CNN သတင်းက ကြည့်ရတာတုံး"

"ဟ ... ဒါမှ ပစ်လိုက်တဲ့ ဒုံးပျံ ဘယ်နားကျလဲ သိမှာပေါ့ကွ"... တဲ့။


https://www.facebook.com/thanlayko
သန်၎ကို-ဘာသာပြန်သည်
ဟာသဗိမာန်-ဆရာသန်

0 comments:

Post a Comment