1.8.13

၅ သောင်းကျော်ကို ဆရာဖြစ်ဆွဲခန့်လိုက်ပြီ

ပညာရေးဝန်ကြီးဌာနက နေ့စား၊ လပေးဆရာ၊ဆရာမများ နှင့် ၀န်ထမ်းများကို ခန့်အပ်လိုက် ကြောင်း ဇူလိုင်လ ၂၅ ရက်က ထုတ်ပြန်ထားသည်။

အခြေခံပညာကျောင်းများ၌ သင်ယူနေကြသောကျောင်းသား၊ ကျောင်းသူများစိတ်ဓာတ်၊စည်းကမ်း နှင့် သင်ယူတတ်မြောက်မှုအရည် အသွေးတိုးတက်စေရန် ဒေသခံ တို့၏အလုပ်အကိုင်အခွင့်အလမ်း များရရှိစေရန် ရည်ရွယ်ကာ ခန့် အပ်ခဲ့ခြင်းဖြစ်ပြီး အခြေခံပညာ

ဦးစီးဌာန အမှတ် (၁) အောက်၌ ၂၄၄၀၇ဦး၊အမှတ် (၂) အောက်၌ ၂၅၅၇၁ဦး၊အမှတ် (၃) အောက်၌ ၂၇၈၃ဦး စုစုပေါင်း ၅၂၇၆၁ ဦးတို့ ကို ခန့်အပ်တာဝန်ပေးအပ်လိုက် ပြီဖြစ်ရာ တာဝန်ပေးအပ်ခံရသူ တို့သည် မြို့နယ်ပညာရေးမှူးရုံး များသို့ သွားရောက်ဆက်သွယ်ပြီး သြဂုတ် (၁)ရက်မှစ၍ တာဝန်ကျ ရာကျောင်း၌ တာဝန်ထမ်းဆောင် နေရပြီဖြစ်သည်။

ခန့်အပ်တာဝန်ပေးခံရသူများ သည် ရက်ရှည်ကျောင်းပိတ်ရက် များတွင် ဆရာအတတ်ပညာ သင်တန်းများတက်ရောက်ရမည် ဖြစ်သည်။

Hot News Journal

0 comments:

Post a Comment