အဆောက်အဦရဲ့ အတွင်းအပြင် ဒီဇိုင်းကတော့ ပြောစရာ မရှိလောက်
အောင်ပါပဲ။ အဆောက်အဦ အပြင်ဖက်ကို LED အလင်းစနစ်နဲ့ ဖန်တီးထားပြီး night view အလှကတော့ မြင်တွေ့တဲ့အတိုင်း အံ့မခန်းပါပဲ။နောက်ပြီး အခန်းတိုင်းကို ဟူကျုံးရဲ့ တိုင်ဟူမြစ်အလှကို
မြင်နိုင်အောင် ဖန်တီးထားတဲ့အတွက် သဘာဝ အလင်းရောင်နဲ့
လေကောင်းလေသန့်ကို ခံစားနိုင်မှာ ဖြစ်ပါတယ်။
အထူးသဖြင့် (Lobby) ဧည့်ခန်းမှာ မျက်နှာကျက်၏ Swarovski သလင်းကျောက်မှ ထွက်တဲ့ အလင်းရောင်ကို အသုံးပြုထားပြီး အလွှာတိုင်းကို အာဖဂန်၊ဘရာဇီးမှ အထူးမှာယူထားတဲ့
ကျောက်ပြားချပ်တွေနဲ့ ခင်းကျင်းထားပါတယ် ။“Sheraton”အပန်းဖြေ Resort က အလွှာပေါင်း၂၇ထပ်၊ အခန်းအားဖြင့် ၃၂၁ခန်းအပြင် ဧည့်ခန်းပါသီးသန့်အထူးခန်း၊
နွေနှင့် ဆောင်းဦးရာသီတွေမှာ အပန်းဖြေသူတွေ များပြားတတ်တဲ့ ဟူကျုံးက ယခင်တည်းက ကျော်ကြားတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။ နံမည်ကြီး အော်စကာ ရုပ်ရှင်ကားတွေဖြစ်တဲ့ "Crouching Tiger, Hidden Dragon"၊ “House of Flying Draggers” တို့ကို ဟူကျုံးရဲ့ နံမည်ကျော် (Bamboo Forests) ၀ါးသစ်တောမှာ ရိုက်ကူးရေး ပြုလုပ်ခဲ့ပါတယ်။
“Sheraton” Huzhou Hot Spring Resort တည်နေရာကတော့ တရုတ်နိုင်ငံ၊ဇီကျန်းပြည်နယ
ဖြစ်ကြောင်း တင်ဆက်ပေးလိုက်ပါတယ်။
Ref:wiki
AkaRy (MM Social Sky)
0 comments:
Post a Comment