3.9.13

အသက် ၆၄ နှစ်ရှိ အမေရိကန် ရေကူးမယ်အဘွား ကျူးဘားမှ အမေရိကန်ကို လက်ပစ်ကူးသွားမည်

အမေရိကန် ရေကူးမယ် ဒိုင်ယာနာညက်သည် ကျူးဘားနိုင်ငံ ဟာဗားနားမြို့မှ ဖလော်ရီဒါသို့ ငါးမန်းကာပစ္စည်းမပါဘဲ ပထမဆုံးသော ရေကူးနိုင်သူ ဖြစ်လာရန် ထပ်မံကြိုးစားမည်ဖြစ်ကြောင်း ၄င်း၏ အေးဂျင့်က ပြောကြားသည်။


သူမသည် လွန်ခဲ့သော နှစ်က အဆိုပါ ဖလော်ရီဒါ ရေလက်ကြားကို ဖြတ်ကူးရန် ကြိုးစားခဲ့ရာ ပင်လယ်ပြင် ကြမ်းတမ်းခြင်းနှင့် ရေခူများ နှောင့်ယှက်ခြင်းကြောင့် မအောင်မြင်ခဲ့ဟု ဆိုသည်။ မိုင်အားဖြင့် ၁၀၃ မိုင် ကျယ်ပြောလှသည့် အဆိုပါ ဖလော်ရီဒါ ရေလက်ကြားကို ပဉ္စမအကြိမ်နှင့် နောက်ဆုံးအကြိမ်အဖြစ် ဖြတ်ကူးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း အသက် ၆၄ နှစ်အရွယ်ရှိ ရေကူးမယ် ဒိုင်ယာနာညက်က ပြောကြားသည်။

သူသည် ရေခူများ အန္တရာယ်မှ ကာကွယ်နိုင်ရန် အထူးဆီလီကွန်မျက်နှာဖုံးကို တပ်ဆင်ပြီး ရေကူးမည်ဟု ဆိုသည်။

BBC Burmese

0 comments:

Post a Comment