3.9.13

Laptop များကိုဖုန်းဖြင့်မှာကြား ဝယ်ယူနိုင်

မြန်မာတစ်ပြည်လုံး အနေအထားဖြင့် မည်သည့်မြို့မှမဆို Laptop မျိုးစုံကိုဖုန်းဖြင့် ဆက်သွယ်ကာ ဘဏ်မှငွေချေယုံမျှဖြင့် မိမိမြို့၏ အဝေးပြေးဂိတ်အရောက် ပို့ဆောင်သည့်စနစ်ဖြင့် ရောင်းချပေးမည့် အစီအစဉ် အားရှမ်းညီနောင် (ပင်ရင်း) မှ နေပြည်တော်နှင့် တောင်ကြီးတွင် စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။


ထိုစနစ်ဖြင့် ဝယ်ယူလိုပါက ဝယ်ယူလိုသူအနေဖြင့် Laptop များမှ မိမိစိတ်ကြိုက်ဖြစ်သော အမျိုးအစားနှင့် အရည်အသွေး၊ ပုံစံတို့ကို ဖုန်းဖြင့် ဆက်သွယ်ပြောဆို ညှိနှိုင်းပြီး Laptop ၏ တန်ကြေးအား ဘဏ်မှ တစ်ဆင့်ပေးချေရမည်ဖြစ်ကာ မှာယူသောပစ္စည်းကိုလည်း မှာယူသူမြို့၏ အဝေးပြေး ဂိတ်မှတစ်ဆင့် တင်ပို့ပေးသွားမည်ဖြစ်ကြောင်း ဆိုင်တာဝန်ခံက ပြောသည်။

ရှမ်းညီနောင် Computer Sale & Service အနေဖြင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင်လည်းကောင်း၊ နေပြည်တော်၊ သပြေကုန်းရပ်ကွက်တွင်လည်းကောင်း ဆိုင်များဖွင့် ထားရာ ရှမ်းပြည်နယ် တစ်ဝိုက်ရှိမြို့များ မှဝယ်ယူလိုပါက တောင်ကြီးမြို့ရှိဆိုင်သို့ ဆက်သွယ်ရမည်ဖြစ်ပြီး ကျန်မြို့နယ်နှင့် အနီးတစ်ဝိုက်ရှိ မြို့နယ်များ အနေဖြင့် နေပြည်တော်ရှိ ရှမ်းညီနောင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။ အသေးစိတ်အချက်
အလက်များကို ရှမ်းညီနောင် (နေပြည်တော်) ဖုန်း- ၀၉၄၂၅၀၁၃၈၃၈ နှင့် ရှမ်းညီနောင် (တောင်ကြီး) ၀၉၄၂၈၃၁၂၁၇၃ သို့ ဆက်သွယ်မေးမြန်းနိုင်မည် ဖြစ်သည်။
-ကျော်ဇေယျ

Myanmar Internet Journal
သတင်းချစ်သူ - ဝေဟင်

0 comments:

Post a Comment