3.9.13

ပေါင် ၈၅သန်း ၆နှစ်စာချုပ်ဖြင့် ရီးရဲလ်သို့ ဘေးလ် အပြီးသတ်ပြောင်းရွှေ့

ရီးရဲလ်မှာ သတင်းထွက်ပေါ်ခဲ့သည့်အတိုင်းစပါးတောင်ပံကစားသမား
ဘေးလ်ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးပေါင်(၈၅)သန်းဖြင့် ခေါ်ယူခဲ့ပြီး (၆)နှစ် စာချုပ်ချုပ်ဆိုလိုက်သည်။ ဘေးလ်အနေဖြင့် ရီးရဲလ်တွင် တစ်ပတ်လုပ်ခပေါင်(၃)သိန်းရရှိမည်ဖြစ်ပြီး နံပါတ်(၁၁)အင်္ကျီဝတ်ဆင်
မည်ဖြစ်ကြောင်းလည်း သိရသည်။ ဘေးလ်မှာ၂၀၀၇ခုနှစ်တွင်
ဆောက်သမ်တန်မှ

စပါးသို့ ပေါင်(၁၀)သန်းဖြင့် ပြောင်းရွှေ့လာ
သူဖြစ်ပြီး (၆)နှစ်တာကစားခဲ့သည့် စပါးကို လမ်းခွဲရခြင်းမှာ ငယ်ဘ၀အိပ်မက်ကို အကောင်အတည် ဖော်ရန်အတွက်ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။

ဘေးလ်က "တော့တင်ဟမ်မှာ ရှိခဲ့တဲ့ ခြောက်နှစ်တာကာလက ကျွန်တော့်အတွက် အရမ်းပျော်စရာကောင်းခဲ့သလို ထူးခြားတဲ့ အခိုက်အတန့်တွေပါပဲ။ ကျွန်တော့်နှလုံးသားထဲမှာ စပါးအသင်း ဆက်ရှိနေမှာပါ။ ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် ကျွန်တော့်ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် ရီးရဲလ်ကို ပြောင်းခဲ့တာပါ။ စပါးနဲ့ လမ်းခွဲဖို့အချိန်တန်ပြီလို့လည်း ကျွန်တော်ထင်ပါတယ်။ ခုချိန်မှာတော့ ကျွန်တော့်အနေနဲ့ ရီးရဲလ်အတွက် ကစားရင်း ကျွန်တော့်ဘ၀အတွက် စာမျက်နှာသစ် စတင်ရတော့မှာပါ"ဟု ပြောခဲ့သည်။


ဇော်ထွန်း(ရိုးရာလေး)

0 comments:

Post a Comment