1.9.13

တရုတ်(တိုင်ပေ)တွင် အပူပိုင်းမုန်တိုင်း ဝင်ရောက်တိုက်ခိုက်မှုကြောင့် သုံးဦးသေဆုံး မီးရထားလိုင်း ပြေးဆွဲမှုများ ရပ်ဆိုင်းခဲ့ရ

တရုတ်(တိုင်ပေ) တောင်ပိုင်းတွင် သြဂုတ် ၂၉ ရက် အပူပိုင်းမုန်တိုင်း Kong-Rey ဝင်ရောက် တိုက်ခိုက်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးမှုများ ဖြစ်ပွားခဲ့ရာ ယခုအချိန်အထိ လူသုံးဦး သေဆုံးပြီး နိုင်ငံအတွင်းရှိ လေကြောင်း လိုင်းများနှင့် ရထားလိုင်း ပြေးဆွဲမှုများ ရပ်ဆိုင်းထားခဲ့ရကြောင်း
အစိုးရက ပြောကြားခဲ့သည်။
တရုတ်(တိုင်ပေ)တွင် သြဂုတ် ၂၈ ရက်မှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် နိုင်ငံတောင်ပိုင်းရှိ နေအိမ် များ ရေလွှမ်းမိုးခဲ့ပြီး ရေအနက်သည် ၃ မီတာခန့် ရှိခဲ့ကြောင်း အမျိုးသား မီးသတ်ဌာန၏ ထုတ်ပြန်ချက်အရ သိရ သည်။

နိုင်ငံအတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးမှုများကြောင့် ကယ်ဆယ်ရေး ဝန်ထမ်းများသည် ဘိုးဘွားရိပ်သာမှ ဘိုးဘွားလူနာများအား ရော်ဘာလှေပေါ်သို့ တင်ဆောင်၍ ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ကြပြီး အနီးအနားရှိ Chi-ayi မြို့တွင်လည်း အရုဏ်မတက်မီ အချိန်၌ ယာဉ်များ သောင်တင် ခဲ့ရကြောင်း သိရသည်။

ထို့အပြင် ၎င်းရေကြီးမှုကြောင့် နိုင်ငံတောင်ပိုင်းရှိ ရုံးများနှင့် ကျောင်းများအား ပိတ်ပစ်ခဲ့ရပြီး ပြည်တွင်း၊ ပြည်ပသို့ ပြေးဆွဲသော လေကြောင်းလိုင်း ၃ဝ ကျော်အား ဖျက်သိမ်းခဲ့ရသည့် အပြင် မီးရထား သယ်ယူပို့ဆောင်ရေး ဝန်ကြီး ဌာနမှ နိုင်ငံတောင်ပိုင်းရှိ မီးရထားပြေးဆွဲမှုများကို ရပ်ဆိုင်း ခဲ့ကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment