20.10.13

20.10.2013 ရက်နေ့အတွက် (၇)ရက်သားသမီးများအတွက် ဟောစာတမ်း

Strength ကဒ်ဖြစ်ပါတယ် အမျိုးသမီးတွေအတွက်ကောင်းပြီး
အမျိုးသားများ
အတွက် မကောင်းတဲ့ကဒ်ပါခင်ဗျာ....

အချစ်ရေး
ယောက်ျးလေးများအနေနဲ့ ချစ်သူရဲ့အနိုင်ကျင့်မှု နွဲ့ဆိုးဆိုးမှုတွေခံရနိုင်ပါ
တယ်.. ချစ်သူနဲ့လျှောက်လည်ရင်ပိုက်ဆံများများထည့်သွားပါလို့ပြောချင်
ပါတယ်...မိန်းကလေးများအနေနဲ့ကတော့ ချစ်သူကို နွဲ့ဆိုးဆိုးလို့ကောင်း
တဲ့ရက်လေးဖြစ်ပါတယ်... တစ်ခုသတိထားရမှာက နွဲ့ဆိုးဆိုးတာမလွန်ပါ
စေနဲ့ခင်ဗျာ...

အိမ်ထောင်ရေး
ဒီနေ့ကတော့ အိမ်ထောင်ဘက်နဲ့ အငြင်းပွားစရာလေးတွေဖြစ်လာနိုင်ပါတယ်
တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ပြောရင်း မိန်းကလေးဘက်ကအား
သားနိုင်ပါတယ်.. အမျိုးသမီးများ ကိုလိုချင်ရာတောင်းဖို့အချိန်ပါခင်ဗျာ

စီးပွားရေး
မိန်းကလေးဦးဆောင်တဲ့ လုပ်ငန်းမှာလုပ်နေတဲ့သူတွေ ပြီးတော့ မိန်းကလေး
တွေအစဉ်ပြေမယ့်နေ့လေးပါခင်ဗျာ... မိန်းကလေးတွေအဖို့ စီးပွားပြိုင်ဘက်
တစ်ယောက်ကို အနိုင်ရမယ့်နေ့လေးပါပဲ..

ကျန်းမာရေး
ကောင်းမွန်ပါလိမ့်မယ် ခြင်္သေ့တစ်ကောင်နဲ့တောင် ဖက်ပြိုင်သတ်နိုင်တယ်
ဆိုတော့ ကျန်းမာရေးကောင်းမယ်နမိတ်ပါခင်ဗျာ..

ပညာရေး
ဒီနေ့တော့ စာပြန်လို့ရပါပြီခင်ဗျာ... ဘာသာရပ်တွေကို ဟိုလိုလို
ဒီလိုလိုတွေ မစဉ်းစားပဲ တစ်ခုဆိုတစ်ခုဇောက်ချ ကျက်မှတ်ပါခင်ဗျာ
ဟိုလိုလို ဒီလိုလိုတွေဖြစ်နေရင် မရပဲနေပါလိမ့်မယ် အခက်ခဲဆုံးဘာသာ
ကိုရွေးကျက်ပါခင်ဗျ

တားရော့ဗေဒင်မေးမြန်းရန်

0 comments:

Post a Comment