20.10.13

ညောင်ဦးတွင် ရိုးရာဓလေ့ ပွဲတော်ဖြစ်သည့် အထကကျောင်း မီးကြာလှည့်ပွဲ ကျင်းပ

ညောင်ဦးမြို့တွင် ရိုးရာယဉ်ကျေးမှု ဓလေ့ပွဲတော်များ ပြန်လည် ဖော်ထုတ်သည့် အနေဖြင့် ညောင်ဦး အထကကျောင်းမှ

 ကျောင်းသား/ ကျောင်းသူလေးများက သီတင်းကျွတ် လဆန်း ၁၃ ရက်(အောက်တိုဘာ ၁၇)နေ့တွင် ကျင်းပသည့် ကျောင်းဘုရားပွဲ၌ မီးကြာလှည့်ပွဲတော် ထည့်သွင်း ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

"ကျောင်းကြီးမှာ အရင်တုန်းက မီးကြာလှည့်ပွဲတွေ လုပ်ခဲ့တယ်။ အခုပျောက်နေတာ ကာလအတော်ကြာပါပြီ။ ဒါကြောင့် ရိုးရာဓလေ့ ပွဲတော်တွေ ပြန်လည် ဖော်ထုတ်တဲ့အနေနဲ့ ကျင်းပဖြစ်တာပါ"ဟု ညောင်ဦး အထကမှ ကျောင်းသား မိဘတစ်ဦးဖြစ်သူ ဦးမျိုးညွန့်က ပြောပါသည်။

နှစ်စဉ် ကျင်းပမြဲဖြစ်သော ကျောင်းအတွင်းရှိ လောကမာရဇိန် ဘုရားပွဲတော်နှင့်အတူ မီးကြာလှည့်ပွဲ ဖြစ်မြောက်ရန်အတွက် ခရီးသွားလုပ်ငန်း အဖွဲ့အစည်းတချို့မှလည်း ပါဝင်ကူညီပေးခဲ့ကြောင်း သိရပြီး ရိုးရာဓလေ့ပွဲတော် များ ပြန်လည်ဖော်ထုတ်ရန်နှင့် တစ်ဖက်တစ်လမ်းမှ ခရီးသွားလုပ်ငန်း မြှင့်တင်ရန်လည်း ရည်ရွယ်ကြောင်း သိရသည်။ ပွဲတော်တွင် ကျောင်းသား/ကျောင်းသူ တစ်ထောင်ဝန်းကျင် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment