20.10.13

အိမ်ကွင်းမှာ ကာဒစ်ကို ဂိုးပြတ်နိုင်ခဲ့ပြီး ဒီရာသီ၏ ပထမဦးဆုံး ဂိုးပြတ်နိုင်ပွဲရခဲ့သည့် ချဲလ်ဆီး

ယနေ့ည ပွဲစဉ်မှာ ချဲလ်ဆီးအသင်းသည် အိမ်ကွင်း စတန်းဖို့ ဘရိတ့်မှာ ပွဲထွက်ကစားသမားများအဖြစ်
ဂိုး။ ပီတာချက်၊ နောက်တန်း။ အီဗန်နိုဗစ်၊ တယ်ရီ၊ လူးဝစ်၊ ဘတ်ရန့် ၊ အလယ်တန်း။ ရာမီးရက်စ်၊ လမ်းပတ်၊ မာတာ၊ ၀ီလီယံ၊ ဟာဇက် နှင့် ရှေ့တန်းမှာ အီတိုး တို့ဖြင့် ကာဒစ်အသင်းကို ဧည့်ခံကစားခဲ့ပါတယ်။ ပွဲအပြီးမှာ ဟာဇက်၏ သွင်းဂိုး (၂) ဂိုး၊ အော်စကာ၏ သွင်းဂိုး နှင့် အီတိုး၏ လက်ရှိ ပရီးမီးယားလိဂ် အဖွင့်ဂိုးများဖြင့် ချဲလ်ဆီးအသင်းပရီးမီးယားလိဂ် ပွဲစဉ် (၈) ပွဲမြောက်မှာ ကာဒစ်အသင်းကို ၄ ဂိုး ၁ ဂိုး ရလဒ်ဖြင့် အနိုင်ယူခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ရုရှားကလပ် အန်ဇီးကနေ အလွတ်ပြောင်းရွေ့ကြေးနဲ့ ချဲလ်ဆီးကိုပြောင်းလဲတဲ့ အီတိုးအတွက် ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲတွေမှာ ဂိုးမသွင်းနိုင်ဖြစ်ခဲ့မှု အစဉ်အလာကို ယခုပွဲစဉ်မှာ ခြေဖျက်နိုင်ခဲ့ပါတယ်။ ပွဲစပြီး (၁၀) ခန့်မှာ လူးဝစ်ပေါ့ဆမှုကနေပြီးတော့ ကာဒစ်အသင်းမှ ဂျော်ဒန် မက် က ဂိုးသမားကို အသာအယာကျော်ချပြီး သွင်းယူသွားနိုင်ခဲ့တဲ့အတွက်ပထမဗွေဆော်ဦးဂိုးကို ကာဒစ်အသင်းရရှိခဲ့ပါတယ်။ မိနစ် ၃၃ မှာလည်း ကာဒစ်ဂိုးသမားပေါ့လျော့မှုကနေ အီတိုး ဖြတ်လုပြီး ရလာတဲ့ ဘောလုံးကို ဟာဇက်အား ချပေးစဉ် ဟာဇက်မှနေပြီး အသာအယာ ကန်သွင်းလိုက်နိုင်ခဲ့သဖြင့် ချေပဂိုးရရှိခဲ့ပါတယ်။

၆၆ မိနစ်မှာ တိုက်စစ်မှုး အီတိုးသည် ဂိုးပေါက်ပျောက်နေသည့် လိုအပ်ချက်ကို ချေဖျက်ခဲ့ပြီး ဧရိယာအတွင်းမှာ နောက်ခံလူကို အသာလှည့်ကာဂိုးသမား ညာထောင့်ကို ချိုးပြီးကန်သွင်းခဲ့ပြီး အနိုင်ဂိုးရယူပေးခဲ့ပြန်ပါတယ်။ ဒီနောက်မှာတေ့ ၇၈ မိနစ်မှာ အော်စကာ နှင့် ၈၃ မိနစ်မှာ ဟာဇက်တို့က အနိုင်သေချာစေမည့် အဆုံးအဖြတ်ဂိုးတွေကို အသီးသီး သွင်းယူခဲ့ပါတယ်။ ကာဒစ်အနေဖြင့် ဒုတိယပိုင်းမှာ အကောင်းဆုံး ကစားခဲ့သော်လည်း ချဲလ်ဆီးတိုက်စစ်ကို မထိန်းနိုင်ခဲ့တဲ့အတွက် ဂိုးပေးခဲ့ရခြင်းမျိုးပါ။ ယနေ့ပွဲစဉ်မှာ ချဲလ်ဆီးသည် ဘတ်ရန့် ၊ မာတာ နှင့် အီတိုး တို့၏ နေရာများကို အပီလီကျူတာ၊ အော်စကာ နှင့် တောရက်စ် စသည်တို့ဖြင့် ပွဲချိန်အတွင်းတွင် လှဲလှယ်ကစားစေခဲ့ပါတယ်။ ချဲလ်ဆီးအသင်းသည် လက်ရှိနိုင်ပွဲရလဒ်ကြောင့် ဇယား ဒုတိယနေရာတွင်ရပ်တည်နေပြီး၊ ချန်ပီယံဆုအတွက် ပြေးလမ်းပေါ်မှာ ရပ်တည်နေဆဲ ဖြစ်ခဲ့ပါတယ်။ ကာဒစ်အသင်းကတော့ လက်ရှိ ရှုံးပွဲရလဒ်သည် နောက်ဆုံးပွဲ (၅) ပွဲကန်ရာတွင်၎ ပွဲရှုံးခဲ့ပြီး ရလဒ်ဆိုးများဖြင့် အဆင့် ၁၆ နေရာမှာဘဲ ရပ်တည်နေပါတယ်။

ပွဲစဉ်၏ အကောင်းဆုံးကစားသမားဆုကို ဂိုး (၂) ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ဟာဇက်တစ်ယောက် ရရှိသွားပါတယ်။ ချဲလ်ဆီး၏ ယနေ့ ဂိုးပြတ်ရလဒ်သည် ၁၁ ပွဲဆက်တိုက် ပြိုင်ဘက်အသင်းကို ၂ ဂိုးပြတ်ထက် သာလွန်ပြီး မသွင်းနိုင်ခဲ့သည့် အစဉ်အလာကို ချေဖြတ်နိုင်ခဲ့ပါသည်။ ထို့အပြင်ချဲလ်ဆီးအသင်းသည် အိမ်ကွင်းစတန်းဖို့ ဘရိတ်မှာ ရှုံးပွဲမရှိ စံချိန်များ ထပ်တင်ခဲ့ရပါတော့တယ်။ လာမည့်ပွဲစဉ်မှာတော့ ချန်ပီယံခြေစွမ်းအတွက် အစမ်းသပ်ခံပွဲစဉ်တစ်ခု အဖြစ် မန်စီးတီးအသင်းကို အိမ်ကွင်းမှာ ကစားရတော့မည် ဖြစ်၏။

Written by မိုးတိမ် (တမာမြေ)
Football Café

0 comments:

Post a Comment