9.10.13

လင်မယားချင်းစကားများရန်ဖြစ်စဉ် ဇနီးဖြစ်သူမှ ဓါးဖြင့်ထိုး၍ ခင်ပွန်းသေဆုံး

၈.၁၀.၂၀၁၃ရက်နေ့ ၁၁၃၀အချိန် မှော်ဘီမြို့နယ်၊ ရွှေမြယာကျေးရွာနေ ကိုစိုးဝင်း၊ (ဘ)ဦးလှငွေနှင့် ၎င်း၏ဇနီးဖြစ်သူ မသန်းသန်းကြည်၊
(ဘ)ဦးကြည်ဝင်း တို့သည် နေအိမ်တွင် စကားများရန်ဖြစ်ကြစဉ် မသန်းသန်းကြည် မှ ဓါးဖြင့်ထိုး၍ ကိုစိုးဝင်းတွင် ၀ဲရင်အုံထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သဖြင့် မသန်းသန်းကြည်အား အရေးယူပေး ရန် ကျေးရွာအုပ်ချုပ်ရေးမှူးမှူးမှ တိုင်တန်းခဲ့၍ မှော်ဘီမြို့မရဲစခန်း(ပ)၅၈၁/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့်
အမှုဖွင့်ကာ သက်သေ ခံပစ္စည်းသိမ်းဆည်းပြီး တရားခံအား ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment