9.10.13

လက်ကောက်ဝတ်ခွဲစိတ်ခြင်းကိုဒီဇင်ဘာအထိ ဖယ်လိုင်နီရွှေ့ဆိုင်း

မန်ယူ ကွင်းလယ် ကစားသမား ဖယ်လိုင်နီသည် လက်ကောက်ဝတ် ခွဲစိတ်ခြင်းကို ဒီဇင်ဘာ
လနှောင်းပိုင်းတွင်ပြုလုပ်သွားမည်ဟုသိရသည်။
ဆန်းဒါး လန်းနှင့် ပွဲကို လက်ကောက် ၀တ် ဒဏ်ရာကြောင့် လွဲခဲ့သည့် ဖယ်လိုင်နီ အနေဖြင့် ချက်ခြင်းခွဲစိတ်ရန် မလိုအပ်ဟု မန်ယူအသင်းက ယူဆလျက်ရှိသည်။

ဘယ်လ်ဂျီယံ အသင်းဆရာဝန် ခရွန်ဘရက်ဂီ ကလည်း ဖယ်လိုင်နီ အနေဖြင့် ယခုနှစ်နှောင်းပိုင်းတွင် ခွဲစိတ်ရန် လိုအပ်ကြောင်း၊ ယင်းဒဏ် ရာကြောင့်(၂) ပတ် ခန့်လွဲချော်ရ လိမ့်မည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ခရွန်ဘရက်ဂီက "မန်ယူအသင်းဆရာဝန်နဲ့ကျွန်တော်နဲ့ သဘော ထားခြင်း တိုက်ဆိုင်ပါတယ်။ ဖယ်လိုင်နီက ဒီဇင်ဘာလနဲ့ ဇန်န၀ါရီ လကြားထဲမှာ လက်ကောက် ၀တ်ခွဲစိတ်မှုပြု လုပ်သွားမှာပါ။ သူ့အနေနဲ့ ကုသမှု ခံယူပြီးရင် အများဆုံး (၂)ပတ်လောက် အနားယူဖို့ လိုအပ်ပါတယ်။ အခု သူ့ဒဏ်ရာက ချက်ခြင်းကြီး လုပ်ဖို့ မလိုအပ်ပါဘူး။ ဆန်းဒါးလန်း နဲ့ပွဲမှာ မကစားနိုင်တာက သူ့လက်ကောက် ၀တ်က အရမ်းနာနေလို့ပါ။ အခု ဆိုရင် သူဟာ ပတ်တီး စည်းပြီး ကစားနိုင်နေပါပြီ"ဟုပြောသည်။ ဖယ်လိုင်နီသည် မန်ယူအတွက် (5)ပွဲ ကစားထားပေးပြီးဖြစ်သည်။

Goal Myanmar

0 comments:

Post a Comment