9.10.13

မှတ်ပုံတင်လုပ်ရန် ကျပ် ၁ သောင်းကနေ ၄ သောင်းကြား ပေးနေရ

ပဲခူးတိုင်း သနပ်ပင်မြို့နယ် ပြည်သူတွေဟာ မှတ်ပုံတင်လုပ်ဖို့အတွက် ကျပ် ၁ သောင်းကေန ကျပ် ၄ သောင်းအထိ ပေးနေရြေကာင်း သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးမြင့်ဦးက ပြောဆိုလိုက်ပါတယ်။အောက်တိုဘာ ၈ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအေ၀းမှာ ခုလို ပြောဆိုပြီး လ၀က၀န်ကြီးဌာနကို ဘယ်လို လုပ်ကိုင်ပေးနိုင်မလဲ မေးခွန်းထုတ်လိုက်တာ ဖြစ်ပါတယ်။

လက်ရှိ လ၀က၀န်ကြီးဌာနက ကြေညာနေတဲ့ မိုးပွင့်စီမံချက်ဟာ သာမန်အောက်ခြေ ပြည်သူလူထုတွေအတွက် ဘာမှ အကျိုးမရှိဘူး၊ အစိုးရရဲ့ အဂတိလိုက်စားမှုဟာလည်း အရင်ခေတ်ကအတိုင်း မြေပာင်းလဲဘူးလို့ ဝေဖန်ပါတယ်။

သူတို့ မြို့မှာဆို အသက်ပြည့်သူ ၃၀၀ လောက်ရှိပေမယ့် ၁၀ ယောက်လောက်ပဲ မှတ်ပုံတင်ရှိပြီး တချို့ဆို အသက် ၄၀ ပြည့်သည်အထိ မှတ်ပုံတင် မရှိဘူးလို့ ရှင်းပြပါတယ်။

လ၀က၀န်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးကျော်ကျော်ဝင်းကေတာ့ အဂတိ လိုက်စားတာတွေကို တိုင်ကြားရင် အေရးယူမယ်လို့ ဖြေရှင်းသွားပါတယ်။

DVB TV News

0 comments:

Post a Comment