9.10.13

ရေဒီယို သတ်္တိကြွ ဓာတ်ယိုစိမ့်မှုကို ဟန့်တားနိုင်ရေး နိုင်ငံတကာ အကူအညီ ရယူရန် ဂျပန် ကြိုးပမ်း

ဂျပန် အစိုးရ အနေဖြင့် ဖူကူရှီးမား နျူကလီးယား စက်ရုံမှ ရေဒီယို သတ်္တိကြွ ဓာတ်ပါဝင်သော ရေများ စိမ့်ထွက်မှုကို ဟန့်တားရန်အတွက် နိုင်ငံတကာ အကူအညီများ ရယူရန် လမ်းဖွင့်ထား ကြောင်းနှင့် မိမိတို့ နိုင်ငံအနေဖြင့်
ပြည်ပမှ အဆင့်မြင့် နည်းပညာများ လိုအပ်လျက်ရှိကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့၌ အောက်တိုဘာ ၆ ရက်က ပြု လုပ်သော နိုင်ငံ တကာ သိပ္ပံပညာရပ် ဆိုင်ရာ ဆွေးနွေးပွဲတွင် မိန့်ခွန်း ပြောကြားစဉ် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက မှတ်ချက်ပြု ပြောကြားခဲ့ကြောင်း သိရသည်။

စက်ရုံ အလုပ်သမားများသည် ရေဒီယိုသတ်္တိကြွ အရည်များကို သိုလှောင်ကန်အတွင်းသို့ ဖြည့်ရန် ကြိုးပမ်းစဉ် သိုလှောင်ကန်မှ ရေဒီယို သတ်္တိကြွဓာတ်များ စိမ့်ထွက် ခဲ့ခြင်းဖြစ် သည်ဟု ဖူကူရှီးမားနျူကလီးယား
စက်ရုံမှအာဏာပိုင် တစ်ဦးက ၀န်ခံပြောကြားခဲ့ပြီးနောက် ရက်များ အကြာတွင် ၎င်း၏မှတ်ချက်ပြု ပြောကြားချက် ထွက်ပေါ် ခဲ့ခြင်းဖြစ်သည်။

ဖူကူရှီးမား နျူကလီးယား စက်ရုံသည် ၂၀၁၁ ခုနှစ် မတ်လက ဆူနာမီနှင့် ငလျင်ဒဏ်ခံရပြီး သည့် အချိန်မှစ၍ ရေဒီယို သတ်္တိကြွဓာတ်များ ပါဝင်သော
မြေအောက်ရေများသည် ပစိဖိတ် သမုဒ္ဒရာ အတွင်းသို့ စိမ့်ထွက်လျက်
ရှိကြောင်း အာဏာပိုင်များက အစောပိုင်း၌ ၀န်ခံ ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံသည် ဖူကူရှီးမား နျူကလီးယား စက်ရုံပိတ်ပစ်ရန် ကိစ္စရပ်နှင့် စပ်လျဉ်း၍ ဆွေးနွေး မှုများ ပြုလုပ်ရန် ပြင်သစ်၊ ဗြိတိန်၊ ရုရှားအပါအ၀င် အခြားသောနိုင်ငံများမှ အကြံ ပေးများနှင့် နျူကလီးယား ပညာရှင်များ ပါဝင်သော အဖွဲ့အစည်း တစ်ခုကို မကြာသေးမီက ဖွဲ့စည်း တည်ထောင်
ခဲ့ကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment