7.10.13

ဘယ်လ်ဂျီယံ လူငယ်ခြေတက်လေး တစ်ဦးကို မန်ချက်စတာနှစ်သင်း အပြိုင်ချိတ်ဆက်နေ

မန်ချက်စတာ အခြေစိုက် အသင်းကြီး နှစ်ခုတို့သည် ဘယ်လ်ဂျီယံ တက်သစ်စ လူငယ်လေး တစ်ဦးကို ခေါ်ယူနိုင်ရန် အပြိုင်ကြိုးပမ်းနေကြောင်း သိရှိရသည်။
အသက်(၁၇)နှစ်သာ ရှိသေးသည့် တောင်ပံ ကစားသမားလေး ဇာကာရီရာ ဘက်ကာလီသည် ချယ်လ်ဆီး ကစားသမား အီဒင်ဟာဇက်နှင့် နှိုင်းယှဉ်ညွှန်းဆိုခြင်း ခံရသူလည်း ဖြစ်သည်။ နယ်သာလန်ကလပ် PSV အင်ဒိုဗန်အတွက် (၈)ပွဲ ကစားပြီး ဖြစ်သည့်တိုင် ဘက်ကာလီ အနေဖြင့် ပရော်ဖက်ရှင်နယ် စာချုပ်ကို ချုပ်ဆိုခွင့် မရှိသေးချေ။ PSVသည် ကစားသမားလေး၏ အသက် (၁၈)နှစ် ပြည့်သည်အထိ စာချုပ်ခွင့် မရှိသေးသော်လည်း (၃)နှစ် သက်တမ်းရှိ စာချုပ်ကို ကြိုတင်ပြင်ဆင်ထားသည်။

ဘက်ကာလီသည် နယ်သာလန် အဆင့်မြင့်တန်း ပြိုင်ပွဲသမိုင်းတွင် အသက်အငယ်ဆုံး Hat-Trickရှင်လည်း ဖြစ်လာသည်။ ၎င်းသည် အသက်(၁၇)နှစ်နှင့် (၁၉၆)ရက်တွင် နစ်ဂ်ျမီဂန် အသင်းဘက်သို့ (၃)ဂိုး သွင်းယူပြခဲ့သည်။ မန်ချက်စတာ ယူနိုက်တက်နှင့် မန်ချက်စတာစီးတီး အသင်းတို့သည် တက်လမ်းကောင်းမွန်သည့် လူငယ်လေးကို အလေးအနက် စိတ်ဝင်စားမှု ပြသနေရာ ယင်းအခြေအနေသည် PSVအတွက် စိုးရိမ်စရာလည်း ဖြစ်နေသည်။ ဘက်ကာလီသည် ခရိုအေးရှား၊ ဝေလတို့နှင့် ကစားမည့် ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းအတွက်လည်း ခေါ်ယူခြင်း ခံထားရကြောင်း သိရှိရသည်။

Soccer Myanmar

0 comments:

Post a Comment