7.10.13

စပိန် နိုင်ငံတွင် ပေ ၃၀ ရှည်သည့် ပြည်ကြီးငါး တစ်ကောင် တွေ့ရှိ

စပိန်နိုင်ငံ ကန်တာဘရီယာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကမ်းခြေတစ်ခုတွင် Architeuthis Dux မျိုးရင်း အမည်ရှိ ကြီးမားသော ပြည်ကြီးငါး တစ်ကောင်ကို အားလပ်ရက် ခရီး ထွက်သူ များက ယခုရက် သတ္တပတ်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်ကြီးငါးသည် ပေ ၃၀ ရှည်ပြီး အလေးချိန်မှာ ပေါင် ၄၀၀ ရှိကြောင်းနှင့် ယခုအခါ ယင်းပြည်ကြီးငါးကို ဒေသတွင်းရှိ ပင်လယ်ရေကြောင်း ဆိုင်ရာ ပြတိုက်သို့ လွှဲပြောင်းပေးခဲ့ သည်။

ယင်းပြည်ကြီးငါးကို တွေ့ရှိမှုသည် ရှားပါးသော ရှာဖွေ တွေ့ရှိမှု တစ်ခုဖြစ်ပြီး ယင်းငါးများသည် ကမ္ဘာ့ပေါ်တွင် အကြီးမားဆုံး ကျောရိုးမဲ့ သတ္တ၀ါ အမျိုးအစား ဖြစ်သည့်အပြင် ပင်လယ်ရေ အောက်အနက်ပေ ၁၀၀၀ နှင့် ၃၀၀၀ အကြားတွင် နေထိုင် ကျက်စားလေ့ ရှိသည့် သတ္တ၀ါများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်ကြီးငါးများသည် ပင်လယ်နှင့် သမုဒ္ဒရာ အတွင်း၌သာ သေဆုံးလေ့ရှိပြီး ပင်လယ်ရေစီးကြောင့် ကမ်းခြေသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုတွေ့ ရှိသော ပြည်ကြီး ငါး သည် လက်တစ်ချောင်း ကျိုးနေခြင်းမှ လွဲ၍ ကောင်းမွန်သော အခြေအနေရှိကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment