5.12.13

အများပြည်သူ အသွားအလာများသည့် နေရာများတွင် ၀ိုင်ဖိုင်စနစ်ဖြင့် အင်တာနက် အသုံးပြုနိုင်စေရန် စစ်တမ်းစတင်ကောက်ခံမည်

အများပြည်သူအသွားအလာ များသည့်နေရာများတွင် ဝိုင်ဖိုင်စနစ် ဖြင့် အင်တာနက်အသုံးပြုနိုင်စေရန် ကနဦးအနေဖြင့် တပ်ဆင်ပေးနိုင်မည့် နေရာများကို စစ်တမ်းစတင်ကောက်ခံ သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ် ရေး လုပ်ငန်းမှ သိရသည်။

၂၀၁၄ခုနှစ် နှစ်ဆန်းပိုင်းတွင် ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်း၍ နှုန်း ထား တစ်ခုကောက်ခံကာ ဝိုင်ဖိုင်စနစ် အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပြီး လက်ရှိအချိန်တွင် ပုဂ္ဂ


လိက ကုမ္ပဏီများအား ရွေးချယ်နေပြီး အသုံး ပြု ခွင့်ပေး မည့်နေရာများကို စမ်းသပ် စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။

''ဆက်သွယ်ရေးကနေပဲ ဘယ် မြို့မှာ၊ ဘယ်နေရာတွေမှာ ဝိုင်ဖိုင်ပေး ရင် အဆင်ပြေမလဲ၊ အများပြည်သူ တွေအတွက် သုံးစွဲရတာ ထိရောက်မှု ဘယ်လောက် ရှိနိုင်မလဲဆိုတဲ့ စစ်တမ်း သဘောမျိုး ဆာဗေးလိုက်ကောက်ခံ သွားမယ်။ ပြီးတော့မှ ကုမ္ပဏီရွေးချယ် တဲ့အပိုင်းကို ဆောင်ရွက်မှာပါ။ လက် ရှိအထိတော့ ကုမ္ပဏီမရွေးချယ်ရသေး ပါဘူး''ဟု မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါဝိုင်ဖိုင်စနစ်အား ပြည်သူ အများအပြားရှိမည့်နေရာများ၊ ကျောင်း နှင့် ပန်းခြံများ အစရှိသည့်နေရာများ တွင် မြန်နှုန်းမြင့်သုံးနိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကာ တိုင်းနှင့် ပြည်နယ် အသီးသီးတွင် အသုံးပြုနိုင်ရန် စီစဉ် သွားမည်ဖြစ်ကြောင်း သိရသည်။

''ဝိုင်ဖိုင်စနစ်ကို 1M, 2M စတဲ့ မြန်နှုန်းအသုံးပြုနိုင်အောင် စီစဉ်ထား မယ်။ ဒီစနစ်က မြို့များခြားသွားပေ မယ့်လဲ အသုံးပြုနိုင်ရန် ဆောင်ရွက် သွားမယ်''ဟု ယင်းကပြောသည်။

ယင်းစနစ်ကို ငွေကြေးကောက်ခံ ရန်အတွက်ကိုမူ မိုဘိုင်းဖုန်းပရီပိတ်ဒ် ကတ် မှ သုံး စွဲခဖြတ်ယူခြင်းနှင့် ဝိုင်ဖိုင် အသုံးပြုနိုင်မည့် ကတ်သီးသန့်ရောင်း ချ ခြင်း ဟု နည်းလမ်းနှစ်မျိုးရှိသော်လည်း မည်သည့် နည်း လမ်းဖြင့် ကောက် ခံ မည် ကို အတိအကျ မပြောနိုင်သေး ကြောင်း၊ ပုဂ္ဂလိက ကုမ္ပဏီများနှင့် ညှိ နှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်

လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း ADSL နှင့် မိုဘိုင်းဖုန်းမှ အင်တာ နက် အသုံးပြုသည့်စနစ်များ အား ဝန်ဆောင်မှုပေးလျက်ရှိပြီး မြန်မာ နိုင်ငံ တွင် လူဦးရေသန်း၆ဝကျော်နီးပါး ရှိသည့်အနက် လက်ရှိတွင် အင်တာ နက် သုံးစွဲသူ ခြောက်သိန်းနှစ်သောင်း ရှိပြီး မိုဘိုင်းဖြင့် အင်တာနက် အသုံး ပြု သူ နှစ်သိန်းခွဲရှိကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ထုတ်ပြန် ထား သည့် ၂၀၁၃ခုနှစ် စာရင်းများ အရ သိရသည်။

Yangon Media Group

0 comments:

Post a Comment