5.12.13

လူနည်းစုဘာသာဝင်များ၏ အခွင့်အရေးနှင့်ပက်သတ်၍ ချင်းအမျိုးသားညီလာခံ သတင်းစာရှင်းလင်းပွဲ တွင် ပြောဆို

ချင်းလူမျိုးများအပါအ၀င် အခြားလူနည်းစုဘာသာဝင်များတွင် ဖိနှိပ်ချုပ်ခြယ်မှုများ၊ ခွဲခြားဆက်ဆံမှုများ တွေ့ကြုံခံစားနေရကြောင်းနှင့် လူနည်းစု ဘာသာဝင်များ၏အခွင့်အရေးကိုကာကွယ်နိုင်မည့် ဥပဒေတစ်ရပ် ပြဌာန်းသင့်ကြောင်း ရန်ကုန်မြို့ Summit Park View Hotel တွင်ပြုလုပ်သော ဒုတိယအကြိမ်မြောက် ချင်းအမျိုးသားညီလာခံ၏ သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောဆိုသွားခဲ့သည်။

“ ကျွန်တော်တို့ ခရစ်ယာန်တွေရဲ့သင်္ကေတဖြစ်တဲ့ လက်ဝါးကပ်တိုင်တွေကို ချင်းပြည်နယ်မှာရှိတဲ့ တောင်ထိပ်တွေမှာသော်လည်းကောင်း၊ မြို့အ၀င်တွေမှာသော်လည်းကောင်း

စိုက်ထူထားတာတွေရှိတယ်၊ အဲ့ဒါတွေကို ပြီးခဲ့တဲ့နှစ် (၂၀) အတွင်း လက်ဝါးကပ်တိုင်ပေါင်း (၂၀) နီးပါး ဖြိုလဲဖျက်ဆီးခြင်းခံရပါတယ်၊ ပြိုလဲပျက်စီးရုံတင်မကပဲ အဲဒီ့နေရာတွေမှာ စေတီပုထိုးတွေတည်ပြီးတော့ အဲ့ဒီ့ခရစ်ယာန်တွေကိုပဲ အတင်းအဓမ္မလုပ်အားပေးခိုင်းပြီး တည်ဆောက်ခိုင်းတာတွေရှိတယ် ” ဟု Chin Human Rights Organization မှ ဆလိုင်းဘွေ့လျန်မန်း ကပြောကြားခဲ့သည်။

“ ဒါကြောင့် လူနည်းစုကိုးကွယ်တဲ့ဘာသာတွေကို အကာအကွယ်ပေးတဲ့ဥပဒေတစ်ခုပြဌာန်းပေးဖို့ ကျွန်တော်တို့ တောင်းဆိုထားတာဖြစ်ပါတယ်၊ ကျွန်တော်ကိုယ်တိုင် လွှတ်တော်ဥက္ကဌသူရရွှေမန်းနဲ့ သွားတွေ့ပြီးတော့ အဲ့ဒီ့ကိစ္စကို ဆွေးနွေးပါတယ်၊ လွှတ်တော်ဥက္ကဌကိုယ်တိုင်က ပြီးခဲ့တဲ့အချိန်မှာမှားခဲ့တာတွေရှိပါတယ် ခုပြုပြင်ပြောင်းလဲရေးကာလမှာအဲ့ဒီဟာတွေမဖြစ်အောင်ကြိုးစားနေပါတယ်လို့ပြောခဲ့တဲ့အတွက် ကျွန်တော်တို့ အင်မတန်မှအားရပါတယ်၊ ဒါပေမယ့် နှုတ်ကနေပြောတာမျိုးမဟုတ်ဘဲနဲ့ တကယ့်ဥပဒေနဲ့ပြဌာန်းပေးဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်ဆိုတာ ဒီနေရာကနေပြောချင်ပါတယ် ” ဟု ဆလိုင်းဘွေ့လျန်မန်း မှ ဆက်လက်ပြောကြားခဲ့သည်။

ချင်းလူမျိုးများ အပါအ၀င် အခြားလူနည်းစုဘာသာဝင်များ တွေ့ကြုံခံစားနေရသည့် ဘာသာရေး ဖိနှိပ်ချုပ်ခြယ်မှုများ၊ ခွဲခြားဆက်ဆံမှုများ ပပျောက်နိုင်ရန် လူနည်းစုဘာသာဝင်များ၏လွတ်လပ်စွာတွေးခေါ်၊ ကိုးကွယ်၊ ယုံကြည်ခွင့်ကိုကာကွယ်သည့် ဥပဒေတစ်ရပ်ပြဌာန်းပေးရန်နှင့် မြန်မာနိုင်ငံအတွင်းရှိ ဘာသာများအားလုံး တန်းတူအခွင့်အရေးရရှိနိုင်စေရန် သာသနာရေးဝန်ကြီးဌာနကို လွတ်လပ်၍ ဘက်မလိုက်သော သာသနာရေးဆိုင်ရာကော်မရှင်ဖြင့် အစားထိုးဖွဲ့စည်းရန် ဤညီလာခံမှတောင်းဆိုသည် ဟု ဒုတိယအကြိမ်မြောက်ချင်းအမျိုးသားညီလာခံမှ အချက်(၁၃)ချက်ဖြင့်ထုတ်ပြန်သော ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိထားသည်။

The Myanma Age

0 comments:

Post a Comment