5.12.13

ယူကရိန်း ဆန္ဒပြမှုများကို သမ္မတဟောင်းများ ထောက်ခံ

ကိယက်ဗ်မြို့တော်တွင် ဥရောပယူနီယံ ဝင်ရောက်ခွင့်ကို ငြင်းဆန်သော သမ္မတ ဗစ်တာ ယာနူကိုဗစ်ခ်ျအား ရာထူးမှ နုတ်ထွက်ပေးရန် ပြည်သူများက ဆန္ဒပြ တောင်းဆိုလျှက် ရှိသည်။

ယူကရိန်း ဆန္ဒပြမှုများကို သမ္မတဟောင်းများ ထောက်ခံ
ယူကရိန်း နိုင်ငံတွင် ဖြစ်ပေါ်နေသည့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများကို ယခင်သမ္မတဟောင်းများက ထောက်ခံခဲ့ကြောင်း သိရှိရသည်။ ကိယက်ဗ်မြို့တော်တွင် ဥရောပယူနီယံ ဝင်ရောက်ခွင့်ကို ငြင်းဆန်သော သမ္မတ ဗစ်တာ ယာနူကိုဗစ်ခ်ျအား ရာထူးမှ နုတ်ထွက်ပေးရန် ပြည်သူများက ဆန္ဒပြ တောင်းဆိုလျှက် ရှိသည်။ ဗုဒ္ဓဟူးနေ့ကမူ သမ္မတဟောင်း (၃)ဦးက ပူးပေါင်းကြေညာချက်တစ်စောင် ထုတ်ပြန်ကာ မိမိတို့၏ သဘောဆန္ဒသည် ပြည်သူအများနှင့် တစ်ထပ်တည်းဖြစ်ကြောင်း ထောက်ခံရပ်တည်ခဲ့သည်။ လီယိုနစ် ကရက်ဗ်ချက်၊

လီယိုနစ်ကူချမားနှင့် ဗစ်တာ ယက်ရှ်ချန်ကိုတို့က ပြည်သူ့ဆန္ဒကို ယင်းကဲ့သို့ ကူညီအားဖြည့်ပေးခဲ့ခြင်း ဖြစ်သည်။

မကြာသေးမီက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ယူကရိန်း၏ အိမ်နီးချင်း မော်လ်ဒိုဗာ နိုင်ငံတွင် ယူကရိန်း ပြည်သူများ အနေဖြင့် မိမိတို့၏ ကိုယ်ပိုင်အနာဂတ်ကို ရွေးချယ်ခွင့် ရှိနေကြောင်း ပြောဆိုခဲ့သည်။ ထို့အတွက် မည်သည့် နိုင်ငံရပ်ခြား လွှမ်းမိုးမှုကိုမျှ မလိုအပ်ဟုလည်း ၎င်းက ထောက်ပြခဲ့သည်။ လက်ရှိသမ္မတ ယာနူကိုဗစ်ခ်ျသည် မဟာမိတ် ရုရှားကိုသာ ဆက်လက်ဖက်တွယ်ပြီး ဥရောပယူနီယံနှင့် ပူးပေါင်းခွင့်ကို ငြင်းဆန်ခဲ့သည့်အပေါ် ကယ်ရီက ရည်ညွှန်းသွားခြင်း ဖြစ်သည်။ ထိုအချိန်တွင် ယူကရိန်း သမ္မတ မာကိုလာ အာဇရော့ဗ်က ဆန္ဒပြသူများ အနေဖြင့် ရာဇဝတ်မှု စွဲချက်များနှင့် ရင်ဆိုင်ရနိုင်ကြောင်း ခြိမ်းခြောက်ခဲ့သည်။ ၎င်းက ဆန္ဒပြသူများသည် အကြမ်းဖက်မှုများ ဖြစ်ပေါ်အောင် လှုံ့ဆော်ရာ ရောက်နေကြောင်း စွပ်စွဲခဲ့သည်။ သို့သော်လည်း ပြည်ထဲရေး ဝန်ကြီးဌာနကမူ ငြိမ်းချမ်းစွာ ဆန္ဒပြသူ ပြည်သူတိုင်းကို အင်အားသုံး ဖြိုခွဲခြင်း မပြုရန် ရဲတပ်ဖွဲ့ကို အတိအလင်း အမိန့်ပေးထားကြောင်း သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment