5.12.13

တစ်ပါတ်အတွင်း အထူးခြားဆုံးစီးပွားရေးတင်ပို့ မှုတစ်ခုအဖြစ် တရုတ်နိုင်ငံသို့ ဝက်သုတ်ပိုး ဒေါ်လာ (၄၅) သန်းကျော်ဖိုး တင်ပို့ ဖို့  သဘောတူညီမှုရခဲ့တဲ့ ဗြိတိန်

ဗြိတိန်နိုင်ငံဟာ တရုတ်နိုင်ငံသို ၀က်သုတ်ပိုး ပေါင်ချိန်သန်းချီတင်ပို့ ဖို့ မကြာသေးမီက သဘောတူညီမှုတစ်ခု လုပ်ခဲ့ပါတယ်။ သမားရိုးကျမဟုတ်တဲ့ တင်ပို့ မှုတစ်ခုဖြစ်တဲ့ ၀က်သုတ်ပိုး တွေအတွက် ဗြိတိန်လယ်သမားတွေဟာ ဒေါ်လာ (၄၅) သန်းကျော်ရရှိမှာပါ။ တစ်ကမ္ဘာလုံးရဲ့ဝက်ကောင်ရေတစ်ဝက်ကျော် လောက်ဟာ တရုတ်နိင်ငံမှာရှိပေမယ့် သူတို့ ဝက်တွေဟာ ဈေးကွက်ကိုလိုက်ပြီး အရည်အသွေးညံ့ဖျင်းလာတာ ကြောင့် ဗြိတိန်နိုင်ငံက ၀က်သုတ်ပိုးတွေဝယ်ယူပြီး ကျန်းမာသန်စွမ်းတဲ့ ၀က်တွေကို မွေးထုတ်ဖို့ ရည်ရွယ်ချက် နဲ့ ပါ။
ဒါတင်မကသေးဘဲ ဗြိတိန်နိုင်ငံဟာ ၀က်ခြေထောက်၊၀က်လက်တွေကိုလည်း တရုတ်နိုင်ငံသို့ တင်ပို့ ဖို့  မျှော်မှန်းနေပါတယ်။ ဗြိတိန်နိုင်ငံမှာ ၀က်ခြေထောက်၊၀က်လက်တွေဟာ စွန့် ပစ်ပစ္စည်းဖြစ်ပေမယ့် တရုတ်နိုင်ငံ မှာတော့ ၀က်ခြေထောက်၊လက်တွေဟာ နတ်သုဒ္ဓါ ပါပဲ။ ဗြိတိန်နိုင်ငံအတွက် အလကားနေရင်း တကယ့် အကျိုးအမြတ်နှစ်ဆရတဲ့ စီးပွားရေးကုန်သွယ်မှုတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံက ၀က်သားကြိုက်စားသုံးသူ၊ စားသောက်ဆိုင်တွေအတွက်လည်း မဟာအခွင့်အရေးတစ်ပါး လို့ ပြောနိုင်ပါတယ်။

Trend Myanmar

0 comments:

Post a Comment